Monday, May 18, 2020

အမေရိကန် အာကာသတပ်၏ ပထမဆုံး မစ်ရှင် လွှတ်တင်

Image may contain: cloud, sky and outdoor
အမေရိကန် အာကာသတပ်ဟာ သူတို့ရဲ့ ပထမဆုံး မစ်ရှင်ဖြစ်တဲ့ X-37B ပတ်လမ်းစမ်းသပ်ယာဉ်ကို မနေ့က လွှတ်တင်နိုင်ခဲ့ ပြီဖြစ်ပါတယ်။

အမေရိကန် အာကာသတပ်ရဲ့ ပထမဆုံး ယာဉ်ကို United Launch Alliance ဒုံးပျံထုတ်လုပ်ရေးလုပ်ငန်းရဲ့ Atlas V ဒုံးပျံက ဖလော်ရီဒါပြည်နယ် ကာနာဗာရယ် အငူကနေ အာကာသထဲကို သယ်ဆောင်သွားခဲ့တာပါ။
United Launch Alliance ဆို တာက လော့ဟိဒ်မာတင် အာကာသအဖွဲ့နဲ့ ဘိုးအင်း ကာကွယ်ရေး၊ အာကာသနဲ့ လုံခြုံရေးအဖွဲ့တို့ ပူးတွဲတည်ထောင်ထား တဲ့ လုပ်ငန်းဖြစ်ပါတယ်။
ဒီလွှတ်တင်မှုကို မူလက စနေ နေ့မှာ လုပ်ဖို့ စီစဉ်ထားပေမယ့် ရာသီဥတုအနေအထားကြောင့် တစ်ရက် နောက်ဆုတ်လိုက်ရတာဖြစ်ပါတယ်။
Atlas V ပေါ်မှာ X-37B အပြင် အမေရိကန် လေတပ် အကယ်ဒမီရဲ့ ဂြိုဟ်တုတစ်စင်းကိုပါ တင်ဆောင်သွားခဲ့ပါတယ်။
Source: CNN

No comments:

Post a Comment

My Blog List