Monday, May 18, 2020

အလွန်အားကောင်းသည့် အန်ဖန်ဆိုင်ကလုန်မုန်တိုင်း ကြီး မြန်မာသို့မဝင်ရောက်နိုင် ၊ အဝါရောင်အဆင့်သတ်မှတ်

အလွန့်အလွန်အားကောင်းသော အန်ဖန် ဆိုင်ကလုန်းမုန်တိုင်းအခြေအနေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့တိုက်ရိုက်မဝင်ရောက်နိုင်သဖြင့် မိုးဇလကအဝါရောင်အဆင့်သတ်မှတ်ကာ သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါ ဆိုင်ကလုန်မုန်တိုင်းကြီးသည်ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေရာမှမြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားခဲ့ပြီး၊ အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိခဲ့သည်ဟုထုတ်ပြန်ထားသည်။

ယင်းဆိုင်ကလုန်မုန်တိုင်းကြီး၏ ဗဟိုချက်လေဖိအား သည် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)နှုန်း ဖြစ်ပါသည်။
လက်ရှိခန့်မှန်းချက်အရ အန်ဖန်ဆိုင်ကလုန်မုန်တိုင်းကြီးသည် ဆက်လက် အားကောင်းနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။
အန်ဖန်၏ အရှိန်ကြောင့် ယနေ့ကစပြီး မေလ ၂၁ အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်သည်ဟု သိရသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပြီး ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည် ။
အမ်ဖန်၏ အရှိန်ကြောင့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ ၊ လေကြောင်းပျံသန်းရေးများကို ကြိုတင်သတိပြုနိုင်ရန် ထုတ်ပြန်ထားသည်။
No photo description available.
ဇော်ဇော်ထွန်း

အလွန်အားကောင်းသည့် အန်ဖန်ဆိုင်ကလုန်မုန်တိုင်း ကြီး မြန်မာသို့မဝင်ရောက်နိုင် ၊ အဝါရောင်အဆင့်သတ်မှတ်
ရန်ကုန် မေ၁၉

No comments:

Post a Comment

My Blog List