Monday, May 18, 2020

လွှတ်တော်လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်း ဆောင်ရွက်မည်


Image may contain: crowd and indoor
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို မေ(၁၈)ရက်မှာ စတင်ကျင်းပ ခဲ့ပြီး လွှတ်တော်အစည်းအဝေးကာလအတွင်း မဖြစ်မနေဆောင်ရွက်ရမယ့် လွှတ်တော်လုပ်ငန်း တာဝန်တွေကို အချိန်တိုအတွင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက် စကား ပြောကြားရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကထည့်သွင်းပြောကြားခဲ့ပါတယ်။ (၁၆) ကြိမ်မြောက် လွှတ်တာ်ပုံမှန်အစည်းအဝေးတွေကို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျာထား ကာလထက် နောက်ကျကျင်းပခဲ့ရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
“ ဒီအစည်းအဝေးကာလအတွင်းမှာ မဖြစ်မနေ ဆောင်ရွက်ကြရမယ့် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပါအဝင် သတ်မှတ်ကာလအတွင်း အချိန်မီ ဆုံးဖြတ် အတည်ပြုရမယ့် လွှတ်တော်လုပ်ငန်းတာဝန်တွေကို အချိန်တိုတွင်း ဆောင်ရွက်သွားရမှာဖြစ်တယ်” လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။
ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းတွေနဲ့ ကြယ်ပွင့်ပြ မေးခွန်းတွေကို သတ်မှတ်ချက်တွေအတိုင်း ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကဆိုပါတယ်။ အစည်းအဝေးကို အချိန်တိုကာလအတွင်း ဆောင်ရွက်ဖို့ လျာထားပြီး ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေနဲ့အညီ ကိုယ်စားလှယ်တွေအတွက် အဆင်ပြေဆုံးဖြစ်အောင် တတ်နိုင်သရွေ့ စီစဉ် ဆောင်ရွက်ထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေးမကျင်းပခင် ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို လွှတ်တော်ဝန်းအတွင်း ပိုးသတ်ဆေးဖြန်းတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ 

သတင်း- ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List