Monday, May 18, 2020

PPE ဝတ်စုံပြည့်များ၊ ပိုးသတ်ဆေးများနှင့် ဆေးပစ္စည်းများ ရောက်ရှိ


Image may contain: one or more people and outdoor
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုဖို့ PPE ဝတ်စုံပြည့်တွေ၊ ပိုးသတ်ဆေးတွေနဲ့ ဆေးပစ္စည်းတွေ ကို သယ်ဆောင်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်ဟာ မေ(၁၇) မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ 
အခု သယ်ဆောင်လာတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေမှာ PPE ဝတ်စုံပြည့် ၃၀ဝ၀ ကျော်၊ ပိုးသတ်ဆေး (၃)ယူနစ်၊ World Health Organization (WHO)ရဲ့ ဆေးပစ္စည်းတွေဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၄)သောင်းကျော် တန်ဖိုးရှိ ဆေးပစ္စည်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ စီမံခန့်ခွဲမှုဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်နဲ့ ဒုတိယအကြိမ် တင်ဆောင်လာတာ လည်းဖြစ်ပါတယ်။
ရောက်ရှိလာတဲ့ပစ္စည်းတွေကို WFP လုပ်ဆောင်နေတဲ့ ဒေသတွေက ဝန်ထမ်းတွေ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး နှင့်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ဒုတိယဌာနေကိုယ်စားလှယ် Mr.Walid Ibrahim ကပြောပါတယ်။ (WHO)ရဲ့ ဆေးပစ္စည်းတွေကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တစ်ဆင့် အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (ရန်ကုန်) ကို လွှဲပြောင်း ပေးသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List