Wednesday, May 20, 2020

ခေါင်းရွက်ဗျက်ထိုးဈေးသည်များအား ကူညီမည့်အစီအစဉ်တွင် သရုပ်ဆောင် အေးမြတ်သူပါဝင်မည်


Image may contain: 1 person
Covid-19 ကာလမှာ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေနဲ့ လမ်းဘေးဈေးသည်တွေအတွက် ငွေကြေးအပြင် အခြားကျန်းမာ ရေးပစ္စည်းတွေကို တိုက်ရိုက်ထောက်ပံ့ လှူဒါန်းပေးနေတဲ့ "I Do Nation" ရန်ပုံငွေအစီအစဉ်မှာ ပါဝင် ကူညီသွားမယ်လို့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။ ငယ်ငယ်က အထည်ရောင်းဖူးတဲ့ သူဖြစ်တဲ့အတွက် ဈေးသည်တွေရဲ့ ဒုက္ခကို နားလည်ပြီး ထိရောက်မယ့်အလှူ ဖြစ်တယ်လို့ ယုံကြည်တဲ့အတွက် ပါဝင်ကူညီ ဖြစ်တာ လို့ သရုပ်ဆောင်အေးမြတ်သူက ပြောပါတယ်၊၊
“ဈေးရောင်းခဲ့ဖူးတော့ ဈေးသည်တွေရဲ့ ဘဝနဲ့ နီးစပ်တယ်။ ဈေးသည်အများစုက အခက်အခဲအများဆုံးကြုံနေရတယ်လို့လည်း ခံစားရတယ်။ ဈေးသည် သဘောက ဒီနေ့ အမြတ်ကိုသုံးပြီး ကျန်တဲ့ အရင်းကို မနက်ဖြန်အတွက် ဆိုတော့ အခုလို Stay home ဆိုတော့ အခက်အခဲတွေ အများကြီး ဖြစ်တယ်” လို့ သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။
"I Do Nation" ပရိုဂရမ်ကို ဧပြီ (၁၇) ရက်နေ့မှာ စတင်ခဲ့ပြီး ရန်ကုန်အခြေစိုက် လူမှု အကျိုးသက်ရောက်မှုကို ဦးတည်တဲ့ မြို့ပြဒီဇိုင်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ဒို့အိမ်နဲ့ MultiVerse Adveetising၊ Moonji Production ၊ Wave Move တို့ တွဲဖက် အကောင်အထည် ဖော်ထားတာ ဖြစ်တယ်လို့ သိရပါတယ်၊၊
လမ်းဘေးဈေးသည်တွေကို အသိပညာ ၊ ပစ္စည်းကိရိယာတွေအပြင် အပတ်စဉ် တစ်သောင်းကျပ်ဆီ ငွေကြေးထောက်ပံ့မှုတွေကို တိုက်ရိုက် တိုးချဲ့ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဒို့အိမ်က Junior Project Manager မခိုင်ရီထွန်း က ပြောပါတယ် ၊၊
“ဈေးသည်တွေကို လက်ဆေးရေ၊ နှာခေါင်းစည်းတွေဝေမယ်။ ငွေသားလည်း လှူမယ်ပေါ့။ ဘာလို့လဲ ဆိုရင် အားလုံး ဒီလို ကာလထဲမှာ ဈေးသည်တွေကို လည်း အများနည်းတူ အိမ်မှာ မိသာစုနဲ့ လုံခြုံစိတ်ချစွာနေလို့ရအောင် ငွေသားထောက်ပံ တာတွေ လုပ်ဆောင်ရတာပါ” လို့ မခိုင်ရီထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၈)ရက်နဲ့ မေလ (၁၅)ရက် တွေမှာ ခေါင်းရွက်ဗျက်ထိုးဈေးသည်ပေါင်း (၇၀၀) ကျော်အတွက် အလှူငွေ ကျပ်သိန်း (၁၀၀) ကျော် ကို “I Do Nation” က လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ ဒို့အိမ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“I Do Nation” အစီအစဥ် စတင်ချိန်ကစလို့ ဒီနေ့ထိ ရန်ကုန်မြို့က မြို့နယ် (၈)ခုမှာ ဈေးသည်ပေါင်း (၁၀၂၉) ယောက် အတွက် ကျပ် သိန်း (၂၃၀ )ကျော် လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
Image may contain: 1 person, closeup
No photo description available.
သတင်း - စုစုစံ

No comments:

Post a Comment

My Blog List