Saturday, May 23, 2020

ထိုင်းနိုင်ငံရှိရွှေ့ပြောင်းမြန်မာအလုပ်သမား၂၁၀ ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

မြဝတီမြို့နယ်စပ်၊ ထိုင်း-မြန်မာ အမှတ်(၂ )ချစ်ကြည်ရေးတံတားပေါ်မှထိုင်းနိုင်ငံတွင် ရောက်ရှိနေသောနေရပ်ပြန်လိုသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ၂၁၀ ဦးအားမြန်မာနိုင်ငံဘက်သို့ ယနေ့ နံနက် ၇ နာရီခန့်ကပြန်လည်ပို့ဆောင်ပို့ခဲ့ကြောင်းသိရသည် ။
ယင်းရွှေ့ပြောင်းမြန်မာအလုပ်သမားများအား နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဗန်ကောက်မြို့၊ မော်ချစ်ကားဂိတ်မှ ကားတစ်စီးလျှင် လူ(၂၁)ဦးဖြင့် ကားအစီးရေ(၁၀)စီးနှင့် မြန်မာအလုပ်သမား၂၁၀ ဦး(ကလေးတစ်ဦးအပါအဝင်) မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ကြောင်းသိရသည် ။
အဆိုပါ ရွေ့ပြောင်းအလုပ်သမားများအား မြဝတီမြို့၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်နှင့် ခရိုင်ထွေအုပ်ဝန်ထမ်းများ၊ ခရိုင်လဝကဦးစီးမှုး ဦးအောင်ခိုင်ဆွေနှင့်လဝကဝန်ထမ်းများ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း(VOLUNTEER Kayin State)များမှ ကြိုဆိုလက်ခံခဲ့ကြကြောင်းလည်းသိရသည်။
ZYMH
Photo လွှတ်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် fb

No comments:

Post a Comment

My Blog List