Wednesday, May 20, 2020

စူပါအဆင့် အမ်ဖန်မုန်တိုင်းအရှိန် ဧရာ၀တီနှင့်ရခိုင် အများဆုံးခံရနိုင်

 No photo description available.
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော စူပါအဆင့် ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏ အရှိန်ကို ဧရာ၀တီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံး ခံစားရမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက မေ ၁၉ ရက်တွင် ပြောဆိုသည်။

အမ်ဖန်ဆိုင်ကလုံးမုန်တိုင်းသည် လက်ရှိတွင် တစ်နာရီလျှင် ၁၃၅ မိုင်နှုန်းဖြင့် အိန္ဒိယနိုင်ငံဘက် သို့ကပ်၍ တိုက်ခတ်နေသော်လည်း မုန်တိုင်းအဝန်းအဝိုင်းကျယ်ပြန့်နေသောကြောင့် ဧရာ၀တီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် သတိထားရန်လိုအပ်ကာ မိုးကြီးခြင်း၊ လေပြင်း တိုက်ခြင်းနှင့် လှိုင်းကြီးခြင်းများ ကြုံတွေ့ရနိုင်ကြောင်း ဒေါက်တာ ကျော်မိုးဦးက ပြောဆိုသည်။
'ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ကွေ့လာ ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် တို့မှာ မုန်တိုင်းအရှိန်ကြောင့် ရံဖန်ရံခါ မိုးသက်လေပြင်းကျမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ် ပြင်မှာ ပိုပြီးသတိထားရပါမယ်။ မေ ၁၉ ရက်မှာ သက်ရောက်မှု ပိုရှိနိုင်ပါတယ်။ နေရာကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ မြို့နယ်တွေမှာ ကြိုတင်ပြင်ဆင်ဖို့နဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်}ဟု ၎င်းကသတိပေးပြောဆိုသည်။
အဆိုပါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်နိုင်သည့်အတွက် မေ ၁၈ ရက်မှ ၂၂ ရက် အထိ ရေလုပ်သားများ၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမှ ပြည်သူများအနေဖြင့် ပင်လယ်ပြင် ထွက်ခွာခြင်းမပြုရန် သတိထားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
'သင်္ချာပုံစံပြု မော်ဒယ်တွေက အမျိုးမျိုးဖော်ပြနေတယ်။ မော်ဒယ်အများစုက ဘင်္ဂလားဒေ့ရှ်နဲ့ IMD ရဲ့ GPP ကတော့ မပြောင်းလဲဘဲ ရခိုင်မြောက်ပိုင်းဒေသကို ဝင်ရောက်နိုင်တယ်။ မြန်မာနိုင်ငံက တွက်ထုတ်တဲ့ မော်ဒယ်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ဖော်ပြနေတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းကတော့ ပင်လယ်ထဲမှာ ကြာမြင့်တဲ့အချိန်၊ မုန်တိုင်းရဲ့အရွေ့အပေါ်မှာ မူတည်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်သည် မြန်မာ နိုင်ငံသို့ ဝင်ရောင်နိုင်ခြေ မရှိသေးသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
'မုန်တိုင်းက ပင်လယ်ထဲမှာ ကြာမြင့်စွာ ရွေ့နေမယ်ဆိုရင် မုန်တိုင်းရဲ့အင်အားက ပိုမိုကောင်းလာမယ်။ မုန်တိုင်းက မြန်မြန် ရွေ့မယ်ဆိုရင် အင်အားကျသွား နိုင်တယ်။ လေထုဖိအားကျတာ များနေရင် လေတိုက်နှုန်းတွေက ပြင်းပြင်းထန်ထန်တိုက်ခတ်နိုင်ပြီး လေထုဖိအားကျတာ နည်းနေရင်တော့ လေတိုက်နှုန်းက အားလျော့တဲ့အနေအထားတွေ ရှိပါတယ်။ လက်ရှိမှာတော့ သင်္ချာပုံစံ ပြုမော်ဒယ်တွေမှာ တစ်နာရီ မိုင် ၅၀ နဲ့ မိုင် ၇၀ ကြား ပြထားပါတယ်' ဟု ဒေါက်တာကျော်မိုးဦးက ခန့်မှန်းပြောဆိုသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် မြစ်ချောင်းကြီးများတွင် ရုတ်တရက် မြစ်ရေမကြီးနိုင်သော်လည်း တောင်ကျချောင်းများတွင်မူ မိုးရွာသွန်းမှုများခြင်းကြောင့် လျှပ်တစ်ပြက် ရေကြီးမှုများကြုံတွေ့နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုမုန်တိုင်းသည် လက်ရှိခန့်မှန်းချက်များအရ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ခြေရှိကာ မုန်တိုင်း ဝင်ရောက်သည်ဖြစ်စေ၊ မဝင်ရောက်သည်ဖြစ်စေ မေ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်သည့်အတွက် အပူ ချိန်များ လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုးစိုးစံ

The Standard Time Daily
(Zawgyi Version)
စူပါအဆင့် အမ်ဖန်မုန်တိုင်းအရှိန် ဧရာဝတီနှင့်ရခိုင် အများဆုံးခံရနိုင်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော စူပါအဆင့် ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏ အရှိန်ကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံး ခံစားရမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက မေ ၁၉ ရက်တွင် ပြောဆိုသည်။
အမ်ဖန်ဆိုင်ကလုံးမုန်တိုင်းသည် လက်ရှိတွင် တစ်နာရီလျှင် ၁၃၅ မိုင်နှုန်းဖြင့် အိန္ဒိယနိုင်ငံဘက် သို့ကပ်၍ တိုက်ခတ်နေသော်လည်း မုန်တိုင်းအဝန်းအဝိုင်းကျယ်ပြန့်နေသောကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် သတိထားရန်လိုအပ်ကာ မိုးကြီးခြင်း၊ လေပြင်း တိုက်ခြင်းနှင့် လှိုင်းကြီးခြင်းများ ကြုံတွေ့ရနိုင်ကြောင်း ဒေါက်တာ ကျော်မိုးဦးက ပြောဆိုသည်။
'ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ကွေ့လာ ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် တို့မှာ မုန်တိုင်းအရှိန်ကြောင့် ရံဖန်ရံခါ မိုးသက်လေပြင်းကျမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ် ပြင်မှာ ပိုပြီးသတိထားရပါမယ်။ မေ ၁၉ ရက်မှာ သက်ရောက်မှု ပိုရှိနိုင်ပါတယ်။ နေရာကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ မြို့နယ်တွေမှာ ကြိုတင်ပြင်ဆင်ဖို့နဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်}ဟု ၎င်းကသတိပေးပြောဆိုသည်။
အဆိုပါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်နိုင်သည့်အတွက် မေ ၁၈ ရက်မှ ၂၂ ရက် အထိ ရေလုပ်သားများ၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမှ ပြည်သူများအနေဖြင့် ပင်လယ်ပြင် ထွက်ခွာခြင်းမပြုရန် သတိထားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
'သချင်္ာပုံစံပြု မော်ဒယ်တွေက အမျိုးမျိုးဖော်ပြနေတယ်။ မော်ဒယ်အများစုက ဘင်္ဂလားဒေ့ရှ်နဲ့ IMD ရဲ့ GPP ကတော့ မပြောင်းလဲဘဲ ရခိုင်မြောက်ပိုင်းဒေသကို ဝင်ရောက်နိုင်တယ်။ မြန်မာနိုင်ငံက တွက်ထုတ်တဲ့ မော်ဒယ်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ဖော်ပြနေတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းကတော့ ပင်လယ်ထဲမှာ ကြာမြင့်တဲ့အချိန်၊ မုန်တိုင်းရဲ့အရွေ့အပေါ်မှာ မူတည်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်သည် မြန်မာ နိုင်ငံသို့ ဝင်ရောင်နိုင်ခြေ မရှိသေးသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
'မုန်တိုင်းက ပင်လယ်ထဲမှာ ကြာမြင့်စွာ ရွေ့နေမယ်ဆိုရင် မုန်တိုင်းရဲ့အင်အားက ပိုမိုကောင်းလာမယ်။ မုန်တိုင်းက မြန်မြန် ရွေ့မယ်ဆိုရင် အင်အားကျသွား နိုင်တယ်။ လေထုဖိအားကျတာ များနေရင် လေတိုက်နှုန်းတွေက ပြင်းပြင်းထန်ထန်တိုက်ခတ်နိုင်ပြီး လေထုဖိအားကျတာ နည်းနေရင်တော့ လေတိုက်နှုန်းက အားလျော့တဲ့အနေအထားတွေ ရှိပါတယ်။ လက်ရှိမှာတော့ သချင်္ာပုံစံ ပြုမော်ဒယ်တွေမှာ တစ်နာရီ မိုင် ၅၀ နဲ့ မိုင် ၇၀ ကြား ပြထားပါတယ်' ဟု ဒေါက်တာကျော်မိုးဦးက ခန့်မှန်းပြောဆိုသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် မြစ်ချောင်းကြီးများတွင် ရုတ်တရက် မြစ်ရေမကြီးနိုင်သော်လည်း တောင်ကျချောင်းများတွင်မူ မိုးရွာသွန်းမှုများခြင်းကြောင့် လျှပ်တစ်ပြက် ရေကြီးမှုများကြုံတွေ့နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုမုန်တိုင်းသည် လက်ရှိခန့်မှန်းချက်များအရ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ခြေရှိကာ မုန်တိုင်း ဝင်ရောက်သည်ဖြစ်စေ၊ မဝင်ရောက်သည်ဖြစ်စေ မေ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်သည့်အတွက် အပူ ချိန်များ လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုးစိုးစံ

No comments:

Post a Comment

My Blog List