Monday, May 18, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁၆၆၅၉ ယောက်၊ ကူးစက်သူ ၄၈၀၁၅၁၇ ယောက် ရှိလာ

Image may contain: one or more people and outdoor
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၃၁၆၆၅၉ ယောက် ရှိလာပြီး ကူးစက်သူ ၄၈၀၁၅၁၇ ယောက် ရှိလာပြီ လို့ ဒီမနက် worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ ၁၉၉၀၀ နီးပါးပဲ ထပ်တွေ့ခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ ပထမဆုံးအကြိမ် နှစ်သောင်းအောက်ကို ကျဆင်းသွားခဲ့ပါတယ်။ စုစုပေါင်း ကူးစက်သူကတော့ ၁၅ သိန်း ၂ သောင်း ကျော် သွားပါပြီ။ သေဆုံးသူကလည်း ၈၆၅ ယောက်ပဲ ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ ပထမဆုံးအကြိမ် ၁၀၀၀ အောက်ကို ကျဆင်းခဲ့ပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ ကိုးသောင်း ကျော်သွားပါပြီ။
အမေရိကန် ပြည်ထောင်စုပြီးရင် တစ်ရက်အတွင်း ကူးစက်သူအများဆုံး တွေ့ရှိခဲ့တာက ရုရှားနိုင်ငံပါ။ တစ်ရက်အတွင်း ၉၇၀၀ ကျော် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကနဲ့ ယှဉ်ရင်တော့ ၁၀၀၀၀ အောက် ကျဆင်းတာ နှစ် ရက်ဆက်တိုက် ရှိသွားပြီလို့ ဆိုရမှာပါ။ စုစုပေါင်း ကူးစက်သူ ၂၈၀၀၀၀ ကျော်သွားပြီဖြစ်တာကြောင့် စပိန်ကို ကျော်ပြီး ကမ္ဘာ ပေါ်မှာ ကူးစက်သူ ဒုတိယအများဆုံး နိုင်ငံဖြစ်လာပါတယ်။ တစ်ရက်အတွင်း သေဆုံးသူကတော့ ၉၄ ယောက်ပဲ ရှိခဲ့တာ ကြောင့် စုစုပေါင်း သေဆုံးသူ ၂၆၀၀ ကျော် ရှိသွားပါပြီ။
အမေရိကန် ပြည်ထောင်စုပြီးရင် တစ်ရက်အတွင်း သေဆူံးသူအများဆုံး နိုင်ငံက ဘရာဇီးနိုင်ငံပါ။ တစ်ရက်တည်းမှာပဲ ၄၈၅ ယောက် သေဆုံးခဲ့တာကြောင့်ဖြစ်ပါတယ်။ စုစုပေါင်း သေဆုံးသူ ၁၆၀၀၀ ကျော် ရှိနေပါပြီ။ စုစုပေါင်း ကူးစက်သူကလည်း ၂၄၀၀၀၀ ကျော်သွားပြီဖြစ်တာကြောင့် ဗြိတိန်ကို မီတော့မလို ဖြစ်နေပါတယ်။ တစ်ရက်အတွင်း ကူးစက်သူ ၈၀၀၀ နီးပါး ထပ်တွေ့ထားပါတယ်။
အနောက်ဥရောပနိုင်ငံတွေမှာ ကူးစက်သူ တွေ့ရှိနှုန်းရော သေဆုံးနှုန်းပါ ကျဆင်းလာနေပါပြီ။ ဗြိတိန်မှာ တစ်ရက်အတွင်း ကူးစက်သူ ၃၅၀၀ ကျော် ထပ်တွေ့ပြီး စပိန်မှာ ၁၂၀၀ ကျော် ထပ်တွေ့တာကလွဲရင် ကျန်တဲ့ ဥရောပနိုင်ငံကြီးတွေမှာ တစ် ရက်အတွင်း ကူးစက်သူ တွေ့ရှိမှုက ၁၀၀၀ အောက်ကို သိသိသာသာ ကျဆင်းနေပြီဖြစ်ပါတယ်။ တစ်ရက်အတွင်း သေဆုံး မှုမှာလည်း ပြင်သစ်မှာ ၄၈၃ ယောက် သေဆုံးခဲ့တာကလွဲရင် ကျန်တဲ့ နိုင်ငံတွေမှာ ၂၀၀ အောက်ကို သိသိသာသာကျဆင်း နေပါပြီ။ စပိန်မှာဆိုရင် တစ်ရက်အတွင်း ၈၇ ယောက်ပဲ သေဆုံးခဲ့တာကြောင့် နှစ်လအတွင်းမှာ ပထမဆုံးအကြိမ် ၁၀၀ အောက်ကို ကျဆင်းခဲ့ပါတယ်။
ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံမှာတော့ တစ်ရက်အတွင်း ကူးစက်သူ ခုနစ်ယောက်ပဲ ထပ်မံတွေ့ရှိခဲ့ပါတယ်။
Source: worldometer

No comments:

Post a Comment

My Blog List