Saturday, May 23, 2020

တပ်မတော်ကို စွပ်စွဲချင်သည့်အတွက် လက္ကာရွာကို AA က မီးရှို့ခြင်းဖြစ်သည်ဟု ဆို

လက္ကာရွာမီးလောင်ခြင်းမှာ AA ၏ လက်ချက်ဖြစ်ပြီး တပ်မတော်ကို စွပ်စွဲချင်သည့်အတွက် ယခုကဲ့သို့ AA က ရွာကိုမီးရှို့ရခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မေလ ၂၂ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မေ ၁၆ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တပ်မတော် လုံခြုံရေးစစ်ကြောင်းသည် တိမ်ညိုကျေးရွာဘက်မှလက္ကာကျေးရွာဘက်သို့သွာရောက်ခဲ့ကြောင်း၊ ထိုသို့ သွားရောက်စဉ်တွင် လက္ကာကျေးရွာအတွင်းမှ အင် အား ၁၅ ယောက်ခန့်ရှိသည့် AAအကြမ်းဖက်သောင်း ကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် တပ်မတော်စစ်ကြောင်းက ပြန် လည်ခုခံခဲ့ကြောင်း၊ ထို့နောက် AAတပ်ဖွဲ့ဝင်များသည် ရွာထဲသို့ ဝင်ပြေးသွားသည်ဟု ဆိုသည်။
တပ်မတော်စစ်ကြောင်းက AA အဖွဲ့၏နောက်ကို ဆုတ်ကာနေရာယူခဲ့ကြောင်း၊ ထိုအချိန်မှာပင် AA တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိသည့် နေအိမ်များကို မီးရှို့ကာ ရွာ၏အရှေ့ဘက်တောင်ကျောဆီသို့ ဆုတ်ခွာထွက်ပြေးသွားသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကဓါတ်ပုံအထောက်အထားများကိုပြသကာရှင်းလင်း ပြောကြားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက"အဲဒီရွာထဲမှာ AAသောင်းကျန်းသူတွေရှိတဲ့နေရာတွေကို၊ AA သောင်းကျန်းသူ တွေ၊ မီးရှို့ပြီးတော့ ပြေးနေတဲ့ပုံတွေ၊ မီးရှို့သွားတဲ့ပုံတွေကို ကျွန်တော်တို့ ဓါတ်ပုံ ရယူထားနိုင်ခဲ့ပါတယ်။
ဘာလို့ဓါတ်ပုံရယူထားနိုင်လည်းဆိုတော့ ခုနကပြောသလို တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ တပ်ကနောက်ကိုဆုတ်လိုက်တယ်။ AA သောင်းကျန်းသူတွေက ရွာထဲဝင်ပြေးသွားတယ်။ သူတို့ဆုတ်ပြီးမှ ရွာကို မီးရှို့သွားတယ်" ဟု ဆိုသည်။
မြောက်ဦးမြို့နယ်အတွင်း၌ရှိသော လက္ကာကျေးရွာသည် ယခင်ကဖြစ်ခဲ့ဖူးသည့် တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်သွားသော လူနေထိုင်ခြင်းမရှိတော့သည့်ကျေးရွာလည်းဖြစ်သည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် တစ်ခါတရံတွင် အလွန်ရှုပ်ထွေးကြောင်း၊ ထိုအခြေအနေတွင် "AA သည် ရခိုင်ရွာကို မည်သည့်အတွက်ကြောင့် မီးရှို့ရမည်လည်း" ဆိုသည့် မေးခွန်းမေးစရာရှိလာသည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
" AA က အဲဒီရွာကိုဘာကြောင့်မီးရှို့ရမှာလည်းဆိုတဲ့ မေးစရာမေးခွန်းတွေဖြစ်လာတယ်။ ဘာလို့ မီးရှို့တာလည်းဆိုတော့ ရှင်းရှင်းလေးပါ။ ကျွန်တော် ခဏခဏ ပြောနေသလိုပဲ။ ဘူးသီးတောင်၊ မောင်တော ဒေသ မှာဖြစ်နေသလိုပဲ။ ယခင်တုန်းက ဘူးသီးတောင်၊
မောင်တောဒေသမှာ ဖြစ်ခဲ့တယ်။ ဘင်္ဂါလီရွာတွေနဲ့ပတ်သက်ပြီးတော့တိုက်ပွဲဖြစ်တယ်။ အဲဒီနားလေးမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ဆုတ်သွားတယ်။ မီးရှို့သွားတယ်။ မီးရှို့သွားပြီးတော့ တပ်ကမီးရှို့တယ်ဆိုပြီးတော့ ပြသာနာလုပ်တယ်" ဟု ဆိုသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "အခုအချိန်မှာ ကျွန်တော်တို့ စတွေ့နေတာက AA အနေနဲ့ကိုယ့်ရခိုင်ရွာအချင်းချင်းတောင်မှ မရှောင်တော့ဘူးဆိုတာတွေ့ရတယ်။ ဘာဖြစ်လို့ ဒီလိုလုပ်တာတုန်းဆိုတော့ တပ်က မီးရှို့တယ်ဆိုတာ စွပ်စွဲချင်လို့ကို တမင်သက်သက်လုပ်တဲ့ ပုံစံမျိုးဖြစ်တယ်" ဟုပြောကြားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်AA တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီးဖြစ်ပြီးတိုက်ပွဲများကြောင့် လူနေအဆောက်အဦထိခိုက်ပျက် စီးမှုများနှင့်အရပ်သားဒဏ်ရာရ၊သေဆုံးမှုများလည်းရှိ နေကာ စစ်ဘေးရှာင်ဦးရေမှာလည်းတစ်သိန်းခွဲကျော် အထိ ရှိလာသည်။
အောင်ရဲနောင်
The Ladies News
တပ်မတော်ကို စွပ်စွဲချင်သည့်အတွက် လက္ကာရွာကို AA က မီးရှို့ခြင်းဖြစ်သည်ဟု ဆို
-------------- ------------ --------------------
လက္ကာရွာမီးလောင်ခြင်းမှာ AA ၏ လက်ချက်ဖြစ်ပြီး တပ်မတော်ကို စွပ်စွဲချင်သည့်အတွက် ယခုကဲ့သို့AA က ရွာကိုမီးရှို့ရခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မေလ ၂၂ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မေ ၁၆ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တပ်မတော် လုံခြုံရေးစစ်ကြောင်းသည် တိမ်ညိုကျေးရွာဘက်မှလက္ကာကျေးရွာဘက်သို့သွာရောက်ခဲ့ကြောင်း၊ ထိုသို့ သွားရောက်စဉ်တွင် လက္ကာကျေးရွာအတွင်းမှ အင်အား ၁၅ ယောက်ခန့်ရှိသည့် AAအကြမ်းဖက်သောင်း ကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် တပ်မတော်စစ်ကြောင်းက ပြန် လည်ခုခံခဲ့ကြောင်း၊ ထို့နောက် AAတပ်ဖွဲ့ဝင်များသည် ရွာထဲသို့ ဝင်ပြေးသွားသည်ဟု ဆိုသည်။
တပ်မတော်စစ်ကြောင်းက AA အဖွဲ့၏နောက်ကို ဆုတ်ကာနေရာယူခဲ့ကြောင်း၊ ထိုအချိန်မှာပင် AA တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိသည့် နေအိမ်များကို မီးရှို့ကာ ရွာ၏အရှေ့ဘက်တောင်ကျောဆီသို့ ဆုတ် ခွာထွက်ပြေးသွားသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကဓါတ်ပုံအထောက်အထားများကိုပြသကာရှင်းလင်း ပြောကြားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက"အဲဒီရွာထဲမှာ AAသောင်းကျန်းသူတွေရှိတဲ့နေရာတွေကို၊ AA သောင်းကျန်းသူ တွေ၊ မီးရှို့ပြီးတော့ ပြေးနေတဲ့ပုံတွေ၊ မီးရှို့သွားတဲ့ပုံတွေကို ကျွန်တော်တို့ ဓါတ်ပုံ ရယူထားနိုင်ခဲ့ပါတယ်။
ဘာလို့ဓါတ်ပုံရယူထားနိုင်လည်းဆိုတော့ ခုနကပြောသလို တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ တပ်ကနောက်ကိုဆုတ်လိုက်တယ်။ AA သောင်းကျန်းသူတွေက ရွာထဲဝင်ပြေးသွားတယ်။ သူတို့ဆုတ်ပြီးမှ ရွာကို မီးရှို့သွားတယ်" ဟု ဆိုသည်။
မြောက်ဦးမြို့နယ်အတွင်း၌ရှိသော လက္ကာကျေးရွာသည် ယခင်ကဖြစ်ခဲ့ဖူးသည့် တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်သွားသော လူ နေထိုင်ခြင်းမရှိတော့သည့်ကျေးရွာလည်းဖြစ်သည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် တစ်ခါတရံတွင် အလွန်ရှုပ်ထွေးကြောင်း၊ ထိုအခြေအနေတွင် "AA သည် ရခိုင်ရွာကို မည်သည့်အတွက်ကြောင့် မီးရှို့ရမည်လည်း" ဆိုသည့် မေးခွန်းမေးစရာရှိလာသည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
" AA က အဲဒီရွာကိုဘာကြောင့်မီးရှို့ရမှာလည်းဆိုတဲ့ မေးစရာမေးခွန်းတွေဖြစ်လာတယ်။ ဘာလို့ မီးရှို့တာလည်းဆိုတော့ ရှင်းရှင်းလေးပါ။ ကျွန်တော် ခဏခဏ ပြောနေသလိုပဲ။ ဘူးသီးတောင်၊ မောင်တော ဒေသ မှာဖြစ်နေသလိုပဲ။ ယခင်တုန်းက ဘူးသီးတောင်၊မောင်တောဒေသမှာ ဖြစ်ခဲ့တယ်။ ဘင်္ဂါလီရွာတွေနဲ့ပတ်သက်ပြီးတော့တိုက်ပွဲဖြစ်တယ်။ အဲဒီနားလေးမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ဆုတ်သွားတယ်။ မီးရှို့သွားတယ်။ မီးရှို့သွားပြီးတော့ တပ်ကမီးရှို့တယ်ဆိုပြီး
တော့ ပြသာ နာ လုပ်တယ်" ဟု ဆိုသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "အခုအချိန်မှာ ကျွန်တော်တို့ စတွေ့နေတာက AA အနေနဲ့ကိုယ့်ရခိုင်ရွာအချင်းချင်းတောင်မှ မရှောင်တော့ဘူးဆိုတာတွေ့ရတယ်။ ဘာဖြစ်လို့ ဒီလိုလုပ်တာတုန်းဆိုတော့ တပ်က မီးရှို့တယ်ဆိုတာ စွပ်စွဲချင်လို့ကို တမင်သက်သက်လုပ်တဲ့ ပုံစံမျိုးဖြစ်တယ်" ဟုပြောကြားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်AA တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီးဖြစ်ပြီးတိုက်ပွဲများကြောင့် လူနေအဆောက်အဦထိခိုက်ပျက်စီးမှုများနှင့်အရပ်သားဒဏ်ရာရ၊သေဆုံးမှုများလည်းရှိ နေကာ စစ်ဘေးရှာင်ဦးရေမှာလည်းတစ်သိန်းခွဲကျော် အထိ ရှိလာသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List