Monday, May 18, 2020

ကော့သောင်းတွင် Quarantine Center ဧည့်လာတွေ့သူထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ အထက (ခွဲ) အ.လ.က (၂) ကျောင်း Facility Quarantine Center တွင် မေလ (၁၇) ရက်နေ့ နံနက်ပိုင်းက ဧည့်လာတွေ့သည့် အမျိုးသားတဦးထံမှ WY စာတန်းပါ စိတ်ကြွဆေးပြားများကို စစ်ဆေးတွေ့ရှိကြောင်း ယင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ အမျိုးသားသည် ကာ့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ Facility Quarantine Center တွင် Quarantine ဝင်နေသည့် အမျိုးသားတဦးထံ အစားအသောက်နှင့် မုန့်ထုပ်များကို လာရောက်ပို့ဆောင်ရာတွင် မသင်္ကာ၍ စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွဆေးပြား (၁၈) ပြားကို မုန့်ထုပ်အတွင်း ထည့်သွင်းပြီး ယူဆောင်လာကြောင်းတွေ့ရှိခြင်းဖြစ်ကြောင်း ကိုဗစ် ၁၉ ကာကွယ်ရေး ကော်မတီထံမှ သိရသည်။
ကော့သောင်းမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက“ဖြစ်စဉ်က ဟုတ်ပါတယ်၊ မူးယစ်ဆေးဝါးတွေ မိတာပါ၊ Quarantine ဝင်နေတဲ့အထဲက တယောက်က အပြင်လူကို ဖုန်းနဲ့ လှမ်းမှာတယ်လို့ သိရပါတယ်၊ ဧည့်တွေ့ ယောင်ဆောင်ပြီး လာတဲ့သူက ခေါက်ကြေး ပို့ခ ၅၀၀၀ ရလို့ လာပို့တယ်”ဟု ပြောသည်။
ယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး၊ ကော့သောင်း မြို့မ ရဲစခန်းသို့ ဆက်သွယ် မေးမြန်ရာ ယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့် စစ်ဆေး အရေးယူထားကြောင်း စခန်းမှူး ဒုရဲမှူး ရဲလွင်က ပြောသည်။
လက်ရှိမှာ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် ပုလဲလမ်းနေ အသက် (၁၉) အား မယ(ပ)၉၈/၂၀၂၀။ မူး/စိတ် ပုဒ်မ ၁၆ (ဂ) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေမြိတ်သား
News Watch

No comments:

Post a Comment

My Blog List