Wednesday, May 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၄၈၈၉ ယောက်၊ ကူးစက်သူ ၄၉၈၅၈၂၅ ယောက် ရှိလာ

Image may contain: one or more people
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၃၂၄၈၈၉ ယောက် ရှိလာပြီး ကူးစက်သူ ၄၉၈၅၈၂၅ ယောက် ရှိလာပြီ လို့ ဒီမနက် worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်းကူးစက်သူ နှစ်သောင်းကျော် ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၁၅ သိန်း ၇ သောင်း ကျော်သွားပါပြီ။ သေဆုံးသူကတော့ တစ်ရက်အတွင်း ၁၅၅၂ ယောက် ထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ၉၃၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီလို ကူးစက်သူတွေ့ ရှိမှု များတာဟာ များ များ စစ်ဆေးနိုင်တာကြောင့်ဖြစ်လို့ မစစ်ဆေးနိုင်တာထက် ပိုကောင်းတယ်လို့ ပြောသွားပါတယ်။
ဘရာဇီးနိုင်ငံကလည်း အမေရိကန်ပြည်ထောင်စုပြီးရင် တစ်ရက်အတွင် ကူးစက်သူတွေ့ရှိမှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ အဖြစ် ဆက်ပြီးတော့ ရပ်တည်နေဆဲပါ။ တစ်ရက်အတွင်း ကူးစက်သူ ၁၆၀၀၀ ကျော် တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၁၃၀ ရှိခဲ့တာ ကြောင့်ပါ။ စုစုပေါင်း ကူးစက်သူ ၂၇၀၀၀၀ ကျော်သွားပြီဖြစ်ပြီးတော့ စုစုပေါင်း သေဆုံးသူ ၁၈၀၀၀ နီးပါး ရှိနေပါပြီ။
ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း ကူးစက်သူ ၉၀၀၀ ကျော်ထပ်တွေ့တာကြောင့် တတိယအများဆုံး တွေ့ရှိတဲ့နိုင်ငံအဖြစ် ဆက်ပြီး ရပ်တည်နေပေမယ့် တစ်သောင်းအောက်ကို လေးရက်ဆက်တိုက် ကျဆင်းခဲ့တာလို့ ဆိုနိုင်ပါတယ်။ သေဆုံးသူက တော့ တစ်ရက်အတွင်း ၁၁၅ ယောက်ပဲ ရှိခဲ့တာကြောင့် ဆက်ထိန်းထားနိုင်တယ်လို့ ဆိုရပါမယ်။ စုစုပေါင်းသေဆုံးသူ ၂၈၀၀ ကျော်ပဲ ရှိပါသေးတယ်။
ကူးစက်သူတွေ့ရှိမှု ထူးထူးခြားခြား မြင့်တက်လာတဲ့ နိုင်ငံက အိန္ဒိယပါ။ တစ်ရက်အတွင်း ကူးစက်သူ ၆၁၀၀ ကျော် ထပ်တွေ့ခဲ့တာကြောင့်ဖြစ်ပါတယ်။ အိန္ဒိယကို ဗိုင်းရပ်စ်စတင်ဝင်ရောက်လာပြီး နောက်ပိုင်း စံချိန်တင်တွေ့ရှိမှုလည်းဖြစ် လာပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၁၄၆ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၃၃၀၀ ကျော်သွားပြီဖြစ်ပါ တယ်။
ဗိုင်းရပ်စ်စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ တစ်ရက်အတွင်း ကူးစက်သူ ငါးယောက်ပဲ ထပ်မံတွေ့ရှိခဲ့ပါတယ်။
Source: worldometer

No comments:

Post a Comment

My Blog List