Monday, May 18, 2020

ကိုဗစ်ကြောင့် သီးနှံရောင်းချရန်ခက်ခဲနေသည့် ဒေသခံတောင်သူများအဆင်ပြေစေဖို့ တပ်မတော်က စိုက်ခင်းအရောက် ဝယ်ယူပေးနေဟုဆို

Image may contain: one or more people, people standing, grass, outdoor and nature
ကိုဗစ်ကြောင့် သီးနှံရောင်းချရန်ခက်ခဲနေသည့် ဒေသခံတောင်သူများအဆင်ပြေစေဖို့ တပ်မတော်က စိုက်ခင်းအရောက် ဝယ်ယူပေးနေကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရား၊ ပင်လောင်း၊ တီကျစ်နယ်မြေမှ ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိ၍ တပ်မတော်မှ ဧပြီလ ၄ ရက်နေ့ မှစတင်၍ စိုက်ခင်းများအရောက် တောင်သူများ ရောင်းချနိုင်သည့်ဈေးဖြစ်သည့် ဂေါ်ဖီထုပ် ၅၀၀၀၀ ထုပ် ၊ အာလူး ၃၅၀၀၀ ပိဿာ၊ ခရမ်းချဉ်သီး ၈၀၀၀၀ ပိဿာနှင့် ကြက်သွန်ဖြူ ၂၀၀၀ ပိဿာတို့အား ဝယ်ယူပေးခဲ့သည်ဟုဆိုသည်။
ထို့အပြင် နောင်တရားဒေသတစ်ဝိုက်တွင် ရေသွင်းစိုက်ပျိုးထားသည့် ဂေါ်ဖီ သီးနှံများသည် ခူးဆွတ်ရမည့်အချိန်သို့ရောက်ရှိနေသော်လည်း သီးနှံများ ဝယ်ယူသူနည်းပါး နေသည့်အတွက် ဈေးနှုန်းများ မတန်တဆကျဆင်းပြီး ဒေသတွင်း အကောင်းဆုံးဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၅၀ ကျပ် နှင့် သာမန်နှင့် အလယ်အလတ် ဂေါ်ဖီထုပ်များမှာ ဝယ်သူ မရှိဖြစ်နေ၍ ဒေသခံများခက်ခဲကြပ်တည်းလျက်ရှိနေသဖြင့် တပ်မတော်က မေလ ၁၆ ရက်နေ့တွင်ဒေသခံတောင်သူများနစ်နာမှုမရှိ စေရေးနှင့် ၎င်းတို့၏အကျိုးကိုရှေးရှုပြီး ရောင်းချနိုင်ခြင်းမရှိသည့် ဂေါ်ဖီထုပ်များကို ဒေသခံ တောင်သူများ ရောင်းချနိုင်သည့်ဈေးပေးကာ ဂေါ်ဖီထုပ်တစ်သိန်းထုပ်အား စိုက်ခင်းများ အရောက် ဝယ်ယူပေးခဲ့သည်ဟုလည်းဆိုသည်။
အလားတူ ယမန်နေ့ကလည်း ရွှေညောင်၊ အင်းလေးဒေသများတွင် စိုက်ပျိုးထားပြီး ရောင်းချရန်အခက်အခဲဖြစ်ပေါ်နေသည့် ခရမ်းချဉ်သီး ၃၅၀၀၀ ပိဿာ ခန့်အား စိုက်ခင်း များအရောက် ဝယ်ယူပေးခဲ့သည်။ ၎င်းဂေါ်ဖီထုပ်များနှင့် ခရမ်းချဉ်သီးများကို တပ်မတော် တပ်ရင်း/တပ်ဖွဲ့များနှင့်ရာသီသီးနှံရှားပါးနေသည့် ဒေသခံပြည်သူလူထုကိုပါ ဖြန့်ဝေရောင်းချသွားမည်ဟုဆိုသည်။
တပ်မတော်အနေဖြင့် နောင်တရားဒေသနှင့် ရွှေညောင်၊ အင်းလေးဒေသများရှိ ရောင်းချရန်ကျန်ရှိနေသည့် ဂေါ်ဖီထုပ်များနှင့်ခရမ်းချဉ်သီးများအား ဆက်လက်ဝယ်ယူ သွားမည်ဖြစ်ကြောင်းကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
Image may contain: nature and outdoor
Image may contain: one or more people, people standing, outdoor and nature
Myanmar Harp

No comments:

Post a Comment

My Blog List