Wednesday, May 20, 2020

တရားဟောဆရာစောဒေးဗစ်လားကို ရမန် ၂ပါတ်ရယူပြီး အင်းစိန်အကျဉ်းထောင်ပို့ဆောင်

Image may contain: one or more people

တရားဟောဆရာစောဒေးဗစ်လားကို ယနေ့တွင် ရမန် ၂ပါတ်ရယူပြီး အင်းစိန်အကျဉ်းထောင်သို့ ယနေ့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က ရဲလုပ်ငန်းဆောင်ရွက်စရာများရှိသည်ဆိုပြီး ချုပ်မိန့်လာတောင်းသဖြင့် မရမ်းကုန်းတရားရုံးက ပေးအပ်လိုက်ခြင်းဖြစ်သည်ဟု ယင်းတရားရုံးက ပြောဆိုသည်။
”ဒီနေ့ကနေ ၃၊၆၊၂၀၂၀အထိ ချုပ်ရက်ရမန်ပေးလိုက်ပါတယ်”ဟု တရားရုံးက ပြောသည်။
တရားဟောဆရာစောဒေးဗစ်လားသည် လူစုလူဝေးမလုပ်ရန်တားမြစ်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဘဲ ညီအကိုများအသင်းတော်ဝန်းအတွင်းရှိ ပေ ၂၀ပါတ်လည်အခန်းထဲတွင် ဝတ်ပြုဆုတောင်းခြင်းနှင့် ဓမ္မတေးများသီဆိုခြင်း၊လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုတို့ကို ပြုလုပ်သဖြင့် ၃နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်ပါချမှတ်နိုင်သည့်၂၀၁၃ခုနှစ်သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ၂၅ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟုသိရသည်။
အလားတူ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနှင့် အမှုတော်ဆောင် ဦးစောရေဂန်နီတို့အား အင်းစိန်မြို့မှ ရဲစခန်းက (ပ)၊၇၀၆ /၂၀၂၀ဖြင့်လည်းကောင်း၊နဝရတ်တေးသံသွင်းမှဦးဝေထွန်းတို့အား မရမ်းကုန်းမြို့မရဲစခန်းက ပ ၅၈၃/ ၂၀၂၀ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူခဲ့သည်။
တရားဟောဆရာစောဒေးဗစ်လားအား ယနေ့တွင် အင်းစိန်ထောင်ပို့ခဲ့သလိုပင် စောဒေးဗစ်လားတို့နှင့်အတူ အမှုဖွင့်ခံထားရသော သင်းအုပ်ဆရာ ဦးစောကွယ်ဝါးကို အင်းစိန်တရားရုံးတွင် စစ်ဆေးပြီး ချုပ်ရက်ရမန်ဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်းလည်း သိရသည်။
Image may contain: one or more people, people standing, crowd and outdoor
Image may contain: one or more people
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List