Saturday, May 23, 2020

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွင် အမေရိကန်နောက် ဘရာဇီးနိုင်ငံက နံပါတ် ၂ နေရာသို့ ရောက်ရှိလာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွင် ဘရာဇီးနိုင်ငံသည် ယခင်ရက်များက ဒုတိယနေရာတွင် ရှိနေသော ရုရှားနိုင်ငံကို ကျော်လွန်ကာ ယခုအခါ အမေရိကန်နောက် ဒုတိယအများဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်လာသည်။
နိုင်ငံသည် ယမန်နေ့က လူပေါင်း ၁၉၉၆၉ ဦး အသစ်ထပ်မံ ကူးစက်မှုကြောင့် စုစုပေါင်းကူးစက်မှု ၃၃၂၃၈၂ မှုှရှိလာပြီး ကမ္ဘာကူးစက်မှု၏ ၆.၂၇ ရာခိုင်နှုန်းရှိသည်။
၉၆၆ ဦး ထပ်မံ သေဆုံးမှုကြောင့် သေဆုံးသူ ဦးရေမှာလည်း ၂၁၁၁၆ ဦးရှိလာပြီး မေလ ၂၀ ရက်နေ့က စံချိန်တင်သေဆုံးမှုအဖြစ် ၁၁၃၀ ဦး သေဆုံးခဲ့သည်။
ဆော်ပေါ်လိုမြို့သည် အဆိုးရွားဆုံး ထိခိုက်ခံရပြီး သေဆုံးသူများတွက် သုသာန်မြေများကို တိုးချဲ့နေသည်ကို ဝေဟင်မှ ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသည်။
နိုင်ငံတွင်း ပြန်လည်ကျန်းမာလာသူ ၁၃၅၄၃၀ ဦးရှိပြီး ၁၇၅၈၃၆ ဦးဆက်လက်ကုမှု ခံယူနေရဆဲ ဖြစ်ကာ လူပေါင်း ၈၀၀၀ ကျော်မှ စိုးရိမ်ဖွယ် အနေအထားရှိနေသည်။
သမ္မတ Jair Bolsonaro သည် ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြစ်တင်ဝေဖန်ခံခဲ့ရပြီး နက်ရှိုင်းသော နိုင်ငံရေ းအကျပ်အတည်း၏ အဓိကနေရာတွင် ရှိနေသည်။
လက်ရှိ ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါ ကူးစက်မှုပေါင်း ၅.၃ သန်းကျော်နှင့် သေဆုံးသူ ၃၄၀,၀၀၀ ရှိသည်။ ပြန်လည်ကျန်းမာလာသူ ၂.၅၆ သန်းနှင့် ဆက်လက်ကုသမှု ခံယူနေသူဦးရေမှာ ၂.၈ သန်းကျော်ရှိသည်။
AS
Ref; worldmeters, straitstimes
Isee Media

No comments:

Post a Comment

My Blog List