Wednesday, May 20, 2020

လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကွယ်လွန်ခဲ့သည့်အတွက် ကိုယ်စားလှယ်များ၏တစ်နေ့တာ နေ့တွက်စရိတ်များထောက်ပံ့

No photo description available.
အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်၂ ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာဌေးကြွယ်နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၄ တို့မှ ကိုယ်စားလှယ် ဦးကျော်ကျော်တို့နှစ်ဦး ကွယ်လွန်ခဲ့သည့်အတွက် အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့တွက် စရိတ်များကို ကျန်ရှိနေသည့် မိသားစုများထံသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးမန်း၀င်းခိုင်သန်းက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ကြေညာခဲ့သည်။

အဆိုပါ ကိုယ်စားလှယ် နှစ်ဦးသည် လွှတ်တော် ရပ်နားထားသည့် အချိန်အတွင်းကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ယခင်ကွယ်လွန်သွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များ နည်းတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ တနေ့တာ နေ့တွက်စရိတ် တရက်စာစီကို ကောက်ခံပြီး ကူညီထောက်ပံ့ငွေများကို ကွယ်လွန်သွားသူကိုယ်စား လှယ်မိသားစုများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်”ဟု ဦးမန်း၀င်းခိုင်သန်းကပြောသည်။
အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စား လှယ်များ နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ် အရေအတွက်ပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။
ယဥ်ကေနွယ်

(Zawgyi)
လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကွယ်လွန်ခဲ့သည့် အတွက် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့ တွက် စရိတ်များထောက်ပံ

အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်၂ ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာဌေးကြွယ်နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၄ တို့ မှ ကိုယ်စားလှယ် ဦးကျော်ကျော်တို့ နှစ်ဦး ကွယ်လွန်ခဲ့သည့် အတွက် အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့ တွက် စရိတ်များကို ကျန်ရှိနေသည့် မိသားစုများထံသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ကြေညာခဲ့သည်။
အဆိုပါ ကိုယ်စားလှယ် နှစ်ဦးသည် လွှတ်တော် ရပ်နားထားသည့် အချိန်အတွင်းကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ယခင်ကွယ်လွန်သွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များ နည်းတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ တနေ့တာ နေ့တွက်စရိတ် တရက်စာစီကို ကောက်ခံပြီး ကူညီထောက်ပံ့ငွေများကို ကွယ်လွန်သွားသူကိုယ်စား လှယ်မိသားစုများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်”ဟု ဦးမန်းဝင်းခိုင်သန်းကပြောသည်။
အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စား လှယ်များ နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ် အရေအတွက်ပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List