Saturday, May 23, 2020

ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာလုပ်သား (၄၄)ဦးကို ပြန်လည်ခေါ်ယူ

ထိုင်းနိုင်ငံမှာပိတ်မိနေတဲ့ မြန်မာလုပ်သား (၄၄)ယောက်ကို မေ(၂၃) ရက် မနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်း-ကော့သောင်းနယ်စပ်ကတစ်ဆင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေတဲ့ FED (ကော့သောင်း) တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို စာရင်းပေးထားတဲ့ ပိတ်မိမြန်မာလုပ်သား (၇၈)ယောက်ထဲက အမျိုးသား (၂၄) ယောက်၊ အမျိုးသမီး (၁၈)ယောက် နဲ့ ကလေး(၂)ယောက် စုစုပေါင်း (၄၄)ယောက်ကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဦးမိုးဝေကဆိုပါတယ်။ ပိတ်မိသူတွေကို လှေ(၆) စီးနဲ့ ရနောင်းမှာ သွားရောက်ကြိုပြီး ကော့သောင်းကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကို ရောက်ရှိတဲ့အခါ ဌာနဆိုင်ရာတွေက ကျန်းမာရေး စစ်ဆေးမှု တွေ ပြုလုပ်ပြီး ယာယီနေထိုင်မယ့် နေရာတွေကိုပို့ပြီးနောက် နေရပ်ကိုပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ပြန်လည်ရောက်ရှိလာသူတွေကို ကျန်းမာရေးစစ်ဆေးချက်အရ သံသယလူနာမပါရှိဘဲ အားလုံးဟာ ပုံမှန်ဖြစ် တယ်လို့ ဦးမိုးဝေက ပြောပါတယ်။ နေရပ်တွေကို ပြန်လည်ရောက်ရှိရင်တော့ သတ်မှတ်နေရာတွေမှာ Quarantine ဝင်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

No comments:

Post a Comment

My Blog List