Saturday, May 23, 2020

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ၊ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မေလ ၂၁ ရက်နေ့ ၀၁၄၅ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အဆိုပါကျေးရွာရှိ စိုင်းနက် ဌားရမ်းထားသည့် ဂိုဒါင်အားမသင်္ကာသဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဂိုဒေါင်အတွင်းမှ ကော်ပုံးများဖြင့်ထည့်ထားသည့် Methylamine ၁၁၂၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၈.၄သိန်း)၊ Ethanol ၁၂၈၀၀ လီတာ(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၄ သိန်း)၊ Benzyl Cyanide ၆၈၈၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၆၈.၈ သိန်း)၊ ဆာလာအိတ်များဖြင့်ထည့်ထားသည့် Sodium Ethoxide ၃၀၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၄ သိန်း)၊ Dibenzoyl -L-Tartaric Acid ၁၁၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၆.၂၅ သိန်း)၊ အဖြူရောင်အမှုန့်အလေးချိန် ၁၀၉၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၉ သိန်း)၊ အမဲရောင်အခဲအလေးချိန် ၁၂၅၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂.၅ သိန်း)နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အလားတူယင်းနေ့ ၀၃၀၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အဆိုပါကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော ခြံဝင်းအားဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် Acetic acid Sodium ၁၅၀၀ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၃၀ သိန်း)၊ ပုလင်းများဖြင့်ထည့်ထားသည့် Acetic acid ၃၀ လီတာ (ဒေသကာလပေါက်စျေး တန်ဖိုးငွေ ၆၀၀၀၀ ကျပ်)၊ အဖြူရောင်အမှုန့်အလေးချိန် ၄၀၀ ကီလို(ဒေသကာလပေါက် စျေးတန်ဖိုးငွေ ကျပ် ၄ သိန်း)၊ဂတ်စ်အိုးအခွံ ၄၀ လုံး၊ မော်တော်ယာဉ် ၅ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါသိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ဓာတုပစ္စည်းများနှင့်စပ်လျဉ်းပြီး မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း အမှုများရေးဖွင့်အရေးယူပြီး တရားခံဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit - CCDAC
The Ladies News

No comments:

Post a Comment

My Blog List