Monday, May 18, 2020

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ညဈေးတန်းဆိုင်များ ပြန်ဖွင့်ခွင့်ပြု


Image may contain: text
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ညဈေးတန်းဆိုင်တွေကို မေ(၁၈)ရက်ကစပြီး ပြန်ဖွင့်ခွင့်ပေးပြုလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့တို့ရဲ့ ညွှန်ကြားချက်အမိန့်တွေနဲ့အညီ ညဈေးတန်းတွေကို တစ်ဆိုင်နဲ့တစ်ဆိုင်(၆)ပေကွာခြားပြီး ဖွင့်လှစ်ခွင့်ပြုကြောင်းကို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စားသောက်ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့နဲ့ ဆိုင်တွေမှာ လက်ဆေးရေဇလုံနဲ့ Hand Gel တွေ အလွယ်တကူအသုံးပြုနိုင်ဖို့ ထားရှိရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း‌ ကိုဗစ်ရောဂါထိန်းချုပ်၊ ကာကွယ်၊ တားဆီးနိုင်ရေးအတွက် မေ(၁၈)ရက် မနက် (၅)နာရီကစပြီး မေ(၃၁)ရက် ည(၁၂)နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်ကိစ္စနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေဟာ သက်ဆိုင်ရာ မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေရဲ့ ကွပ်ကဲမှုနဲ့ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။
နေအိမ်ပြင်ပကိုထွက်ခွာတဲ့ လူတိုင်းဟာ Mask မပျက်မကွက် တပ်ဆင်ရမှာဖြစ်ပြီး တာဝန်ရှိသူမှအပ ဘယ်သူမဆို နေ့စဉ် ည(၁၂)နာရီကနေ မနက်(၄)နာရီအထိ ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေသွားလာတာမှ အပလုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ ပြင်ပကိုသွားလာတာမပြုဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ထုတ်လုပ်တာ၊ ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေ ၊ဆေးဝါးပစ္စည်းတွေထုတ်လုပ်တာ၊ ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ ၊ ဟိုတယ်၊ မော်တယ်၊ တည်းခိုခန်း၊ အင်းတွေ၊ အဝတ်အထည်ဆိုင်တွေ၊ စက်သုံးဆီဆိုင်တွေ၊ လျှပ်စစ်ဓာတ်အား ပေးရေးလုပ်ငန်းတွေ၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဖွင့်လှစ်ဆောင်ရွက်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။ 
Image may contain: text
Image may contain: one or more people, night and outdoor
Image may contain: outdoor
သတင်း-သူရိယထက်၊ မျိုးဝင်းထွန်း၊ ဓာတ်ပုံ - ဇင်မာကျော်ဦး

No comments:

Post a Comment

My Blog List