Monday, May 18, 2020

အီတလီနှင့် စပိန်တွင် ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုနှုန်း ကျလာ

Image may contain: one or more people
အီတလီနိုင်ငံမှာ အခုလ(၁၇)ရက်က ထွက်လာတဲ့ စာရင်းတွေအရ တစ်ရက်အတွင်း သေဆုံးသူ ၁၄၅ ယောက်ပဲ ရှိခဲ့တဲ့အတွက် သီတင်း ၁၀ ပတ်အတွင်းမှာ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့နောက်ပိုင်းမှာ အနည်းဆုံး တစ်နေ့ကို လူ ၁၅၀ ကျော် သေဆုံးနေရာကနေ အခုလို ကျဆင်းခဲ့တာ ဖြစ်ပါ တယ်။ အီတလီနိုင်ငံရဲ့ သေဆုံးမှု အမြင့်ဆုံးနေ့တွေမှာဆိုရင် တစ်ရက်ကို အယောက် ၉၀၀ ကျော် သေဆုံးခဲ့တာပါ။ သေဆုံး သူ စုစုပေါင်းကတော့ (၃)သောင်းကျော် ရှိနေတာကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်ပြီးရင် အများဆုံး သေဆုံးတဲ့ နိုင်ငံ ဖြစ်နေဆဲပါ။
အီတလီမှာ သေဆုံးသူအရေအတွက် တင်မဟုတ်ဘဲ ကူးစက်သူ တွေ့ရှိနှုန်းလည်း ကျဆင်းနေပါတယ်။ အခုလ ၉ ရက်နေ့ နောက်ပိုင်းမှာဆိုရင် ၁၂ ရက်နေ့ တစ်ရက်ကလွဲလို့ ကျန်တဲ့နေ့တွေမှာ ကူးစက်သူ ၁၀၀၀ အောက်ပဲ တွေ့ရှိခဲ့တာပါ။ မနေ့က ဆိုရင် ကူးစက်သူအသစ် ၆၇၅ ယောက်ပဲ တွေ့ရှိခဲ့ပါတယ်။ ကူးစက်သူတွေ့ရှိမှု အမြင့်ဆုံး ကာလတွေတုန်းကဆိုရင် တစ်နေ့ကို အယောက် ၅၀၀၀ ကျော်၊ ၆၀၀၀ ကျော် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုလို သေဆုံးနှုန်းရော ကူးစက်နှုန်းပါ ကျဆင်းနေတဲ့အတွက် အီတလီမှာ ပိတ်ပင်ကန့်သတ်ချက်တွေကို ဆက်ပြီး ဖြေလျှော့ပေးနေပြီဖြစ်ပါတယ်။
အလားတူပဲ စပိန်ုနိုင်ငံမှာလည်း ကိုရိုနာကပ်ရောဂါတိုက်ဖျက်ရေးအတွက် လွန်ခဲ့တဲ့ ၂-လက နိုင်ငံတော် အရေးပေါ်ကြေညာခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း သေဆုံးမှုနှုန်း အယောက်(၁၀၀) အောက်ကို ကျဆင်းသွားပြီလို့ စပိန်အာဏာပိုင်တွေက အခုလ(၁၇)ရက်က ကြေညာခဲ့ပါတယ်။ အခုအခါမှာ တစ်ရက်တည်းနဲ့သေဆုံးသူဟာ (၈၇)ယောက်သာရှိတော့တယ်လို့ ကျန်းမာရေးဆိုင်ရာ အရေး ပေါ်ပူးပေါင်း ဆောင်ရွက်ရေး အကြီးအကဲ ဖာနန်ဒို ဆိုင်မွန်က အတည်ပြုခဲ့ပါတယ်။ စပိန်မှာ သေဆုံးသူ အမြင့်ဆုံးကာလက တစ်ရက်တည်းနဲ့ အယောက်(၉၀၀)ကျော်ခဲ့တာပါ။ ဒီကနေ့ Worldometer စာရင်းအရ စပိန်မှာ တစ်ရက် တည်းကူးစက်သူ(၁၂၀၀)ကျော်ရှိပြီး၊ စုစုပေါင်း သေဆုံးသူ (၂)သောင်း(၇) ထောင် ကျော်ရှိတယ်လို့ သိရပါတယ်။
Image may contain: 2 people, people standing
Source: CNN, AP , Worldometer

No comments:

Post a Comment

My Blog List