Saturday, May 30, 2020

ကမ္ဘာ့ကပ်ရောဂါကြောင့် ကူးစက်သူ (၆)သန်းကျော်ရှိလာ

ကမ္ဘာတဝန်းမှာ ကိုရိုနာကပ်ရောဂါကြောင့် ကူးစက်သူ(၆)သန်းကျော်လာပြီး၊ သေဆုံးသူစုစုပေါင်းဟာ(၃)သိန်း (၆)သောင်းကျော်ရှိလာပြီလို့ ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာတဝန်းမှာ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေအတွက်အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေပါတယ်။ ဒီကနေ့ ဖော်ပြတဲ့ Worldometer ဝက်ဘ်ဆိုက်စာရင်းအရ စုစုပေါင်း ကူးစက်သူ (၁.၈)သန်းနီးပါးရှိသွားပါပြီ။ တစ်ရက်တည်းနဲ့ ကူးစက်သူက(၂)သောင်းခွဲရှိလာပြီး၊ တစ်ရက်တည်းနဲ့ သေဆုံး ခဲ့တာကတော့ (၁၂၀၀) ကျော်ရှိပါတယ်။ ဒါကြောင့် စုစုပေါင်း သေဆုံးသူ(၁)သိန်းကျော်သွားပြီဖြစ်ပါတယ်။
ကမ္ဘာ့ရောဂါကူးစက်မှု ဒုတိယအများဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး၊ စုစုပေါင်းကူးစက်မှုအရေအတွက်က (၄)သိန်း(၇)သောင်းနီးပါးရှိလာပါတယ်။ ဒါပေမယ့် တစ်ရက်တည်းနဲ့ ကူးစက်တဲ့အရေအတွက်က (၃)သောင်းနီးပါး ရှိတဲ့အတွက် အမေရိကန်နိုင်ငံကို ကျော်လွန်သွားပါပြီ။ တစ်ရက်တည်း သေဆုံးခဲ့တာကတော့ (၁၂၀၀)ကျော်ရှိခဲ့လို့ ဒုတိယသေဆုံးမှုအများဆုံးနေရာမှာပဲ ရှိနေပြီး၊ သေဆုံးသူစုစုပေါင်းဟာ နှစ်သောင်းရှစ်ထောင်နီးပါး ရှိလာပါတယ်။
ရောဂါကူးစက်မှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံကတော့ ရုရှားနိုင်ငံဖြစ်ပြီး၊ စုစုပေါင်းကူးစက်မှုအရေအတွက်ဟာ (၃)သိန်း(၉)သောင်းနီးပါးရှိလာပါတယ်။ တစ်ရက်တည်းနဲ့ ကူးစက်သူ (၈၆၀၀)နီးပါးရှိခဲ့ပြီး၊ တစ်ရက်တည်းနဲ့ သေဆုံးသူ (၂၃၂)ယောက်ရှိခဲ့လို့ စုစုပေါင်းသေဆုံးသူအရေအတွက်ဟာ (၄၀၀၀)ကျော်ရှိလာပါတယ်။
ရုရှားနိုင်ငံရဲ့နောက်မှာတော့ စပိန်၊ ဗြိတိန်နဲ့ အီတလီအသီးသီးရှိနေကြပြီး၊ စပိန်မှာ ကူးစက်သူစုစု ပေါင်း(၂)သိန်း(၈)သောင်းကျော်၊ သေဆုံးသူက (၂)သောင်း(၇)ထောင် ကျော်ရှိပါတယ်။ ဗြိတိန်မှာတော့ ကူးစက်သူစုစုပေါင်း(၂)သိန်း(၇)သောင်းကျော်ရှိပြီး၊ သေဆုံးသူ စုစုပေါင်းဟာ(၃၈၀၀)ကျော် ရှိပါတယ်။ အီတလီ ကတော့ စုစုပေါင်း ကူးစက်သူ(၂)သိန်း(၃)သောင်းကျော်၊ သေဆုံးသူ စုစုပေါင်းက (၃)သောင်း(၃)ထောင် ကျော်ရှိပါတယ်။
အိန္ဒိယနိုင်ငံကတော့ တစ်ရက်တည်းနဲ့တင် ကူးစက်သူ(၈၀၀၀)ကျော်ရှိခဲ့တဲ့အတွက် ကမ္ဘာမှာ တစ်ရက်တည်းနဲ့ ကူးစက်မှု အများဆုံးနိုင်ငံ ဘရာဇီး၊ အမေရိကန်နဲ့ ရုရှားပြီးရင် ကမ္ဘာ့ရဲ့စတုတ္ထအဆင့်ကို ရောက်လာနေပြီ ဖြစ် ပါတယ်။ စုစုပေါင်း ‌သေဆုံးသူကတော့ (၅၀၀၀)နီးပါးရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
Source: Worldometer

No comments:

Post a Comment

My Blog List