Tuesday, September 15, 2015

Turnbull က သြစီဝန်ကြီးချုပ်သစ် ဖြစ်လာ


သြစတြေးလျနိုင်ငံမှာ မနေ့ညတုန်းကပဲ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကို အနိုင်ရသွားတဲ့ Malcolm Turnbull က သြစတြေးလျနိုင်ငံရဲ့ ၂၉ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ မနေ့တုန်းကပဲ Malcolm Turnbull က ပါတီခေါင်းဆောင် ရာထူးအတွက် ဝန်ကြီးချုပ် တိုနီအာဘော့တ်ကို စိန်ခေါ်မယ်လို့ မနေ့ မွန်းလွဲပိုင်းမှာ ထုတ်ဖော်ပြောဆိုလာပါတယ်။

ဝန်ကြီးချုပ် တိုနီအာဘော့တ်ကလည်း ပါတီလွှတ်တော်အမတ်တွေရဲ့ သဘောထားကို မဲဆန္ဒခံယူမယ်လို့ ပြောဆိုပြီးတဲ့နောက် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Malcolm Turnbull က ၅၄ မဲ၊ တိုနီအာဘော့တ်က ၄၄ မဲ ရရှိတဲ့အတွက် Malcolm Turnbull က ဝန်ကြီး ချုပ်အသစ် ဖြစ်လာတာပါ။

ဒုတိယ ခေါင်းဆောင်အတွက် မဲပေးရာမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်က မဲ ၇၀၊ ပြိုင်ဘက် Kevin Andrews က မဲ ၃၀ သာ ရရှိတဲ့အတွက် ဂျူလီဘိရှော့ပ်ကပဲ ပါတီ ဒုခေါင်းဆောင်အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

Malcolm Turnbull က ပါတီခေါင်းဆောင် ရွေးပွဲမှာ အနိုင်ရပြီဆိုတဲ့ သတင်းကို စီးပွားရေးအသိုင်းအဝိုင်း တွေက ကြိုဆိုလိုက်ပြီး အခွန်ကောက်ခံရေးစနစ်လို စီးပွားရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆို ကြပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် Malcolm Turnbull ကို အမေရိကန် နိုင်ငံခြားရေးဌာန ကလည်း ဂုဏ်ပြုလိုက်ပါတယ်။

သြစတြေးလျနဲ့ အမေရိကန် ဆက်ဆံရေးက ကောင်းမွန်နေပြီး ဆက်လက်ပြီး ဝန်ကြီးချုပ်အသစ်နဲ့ အတူတူ အလုပ်လုပ်ကိုင်သွားဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။

လက်ရှိအစိုးရနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ထားတဲ့ National Party ကတော့ ခေါင်းဆောင်အပြောင်းအလဲအပေါ် အမျက်ဒေါသ ထွက်နေပါတယ်။

National Party အနေနဲ့ Tony Abbott ဦးဆောင်တဲ့ အစိုးရနဲ့သာ အပေးအယူလုပ်ပြီး ညွန့်ပေါင်းဖွဲ့ခဲ့တာ လို့လည်း ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် အသစ်နဲ့ တစ်ခါ ထပ်မံဆွေးနွေးမှုတွေ သဘောတူညီမှုတွေ လုပ်ရမှာကို မကျေမနပ် ဖြစ်နေတာ ဖြစ်ပါတယ်။

တသီးပုဂ္ဂလ လွှတ်တော်အမတ် Nick Xenophon ကလည်း အရင်တုန်းက ထားရှိတဲ့ ညွှန့်ပေါင်း သဘော တူညီမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့ Malcolm Turnbull ကို စာရေးတောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဂျူလီယာ ဂေးလဒ်နဲ့ ကယ်ဗင်ရဒ်တို့ကလည်း Malcolm Turnbull ရဲ့ အနိုင်ရမှုကို ဂုဏ်ပြုလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List