Monday, September 14, 2015

ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ နှစ်ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်


ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သော တရားလွှတ်တော်ရှေ့နေ တစ်ဦးနှင့် နိုင်ငံရေးတက် ကြွလှုပ်ရှားသူတစ်ဦးတို့ကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ပြည်မြို့ အမှတ်(၁) ရဲစခန်းမှသတင်းရရှိသည်။

တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ် တို့သည် စက် တင်ဘာ ၁၀ ရက်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ကြောင့် ပုဒ်မ-၁၈ ဖြင့် စက်တင်ဘာ ၁၂ ရက်တွင် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ် ကြောင်း ပြည်မြို့၊ အမှတ်(၁) ရဲစခန်းမှူးက ပြောသည်။

‘‘တစ်ယောက်ကို တစ်မှုစီ ဖွင့်တာပါ။ ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒဖော်ထုတ် တာကြောင့် ပုဒ်မ-၁၈ နဲ့အမှု ဖွင့်အရေးယူထား ပါတယ်’’ ဟု ရဲအုပ်မျိုးဝင်းက ပြောသည်။  လက်ပံတန်းမြို့တွင် ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံရခြင်း ခြောက်လပြည့်သည့် စက်တင်ဘာ ၁၀ ရက်၌ သာယာဝတီ ထောင်အတွင်း ဖမ်းဆီးခံထားရ သော ကျောင်းသား၊ ကျောင်းသူများ၊၀န်းရံပြည်သူများ၊ တက်ကြွ လှုပ်ရှားသူများအား အမြန်ဆုံး ပြန် လွှတ်ပေးရန် တရားလွှတ်တော် ရှေ့နေဦးမြင့်အေးနှင့် ကိုမျိုးသူ ထွဋ်က ပြည်မြို့တွင် တစ်ဦးချင်း နေရာသီးခြားစီခွဲ၍ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

‘‘လူစုလူဝေးနဲ့ စီတန်းလှည့် လည်တာ မဟုတ်ဘဲ တစ်ကိုယ် တော် ဆန္ဒဖော် ထုတ်တာဖြစ်တဲ့ အတွက် ပုဒ်မ-၁၈ နဲ့ မငြိစွန်းဘူး လို့ ပြောချင်တယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည် ပြည်မြို့ရှိ ၎င်းနေထိုင်ရာ ကျောင်းကြီးအိုးတန်း ရပ်ကွက်နေအိမ် မှ ပြည်မြို့နယ် တရားရုံးအထိ ဗကသအလံကို ကိုင်ဆောင် လမ်းလျှောက်ကာ နာရီဝက်ခန့် တစ်ကိုယ်တော် ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ကိုမျိုးသူထွဋ်ကမူ ပြည်ဈေး ကြီး၊ ၀င်းသူဇာအရောင်းဆိုင်အနီးတွင် ဗကသ အလံကိုကိုင်ဆောင် ၍ မိနစ် ၂၀ ခန့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List