Tuesday, September 15, 2015

ရွေးကောက်ပွဲ ကြေညာစာတမ်း ဒီချုပ် ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲ အနိုင်ရရှိပြီး အစိုးရ တစ်ရပ်ဖွဲ့ စည်းနိုင်ပါက လက်ရှိဝန်ကြီးဌာ နများကို လျှော့ချဖွဲ့စည်းမည်ဖြစ် ပြီး အဂတိကင်းစင်ရေးထိထိ ရောက်ရောက်ဆောင်ရွက်ရန် မူဝါဒချမှတ် ထားကြောင်း သတင်း ရရှိသည်။

ဒီချုပ်ပါတီဆောင်ရွက်မည့် မူဝါဒများ ထည့်သွင်းရေးသားထားသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြထားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၄ရက်၌ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၁၅ရွေးကောက် ပွဲတွင် မိမိတို့ NLD ပါတီ အနိုင်ရ ၍ အစိုးရဖွဲ့ စည်းနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် အစိုးရ ဖွဲ့စည်းနိုင်ခဲ့လျှင် ဆောင်ရွက် မည့် ကိစ္စရပ်များကို ကဏ္ဍအလိုက်ခွဲခြား၍ ယခုကြေညာစာတမ်းတွင်ဖော်ပြ ထားကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အဆိုပါစာတမ်း၏ အမှာစာ၌ ရေးသား ဖော်ပြထားသည်။

ပြည်သူများ ရသင့်ရထိုက် သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေမည့် ဥပဒေများ ဖျက် သိမ်းရေး၊ အခြေခံဥပဒေမှ ပြဋ္ဌာန်း ထားသည့်အခွင့်အရေး များကို ထိ ရောက်စွာကာကွယ်၍ ခေတ်နှင့် အညီမြှင့်တင်ရေး၊ တရားမျှတပြီး ဘက်လိုက် မှုကင်းသည့် တရားစီ ရင်ရေးစနစ်ထူထောင်ရေးစသည့် ကိစ္စရပ် များကို ဆောင်ရွက်မည် ဖြစ်ကြောင်းဖော်ပြပါရှိသည်။

တပ်မတော်နှင့် ပတ်သက်၍ နိုင်ငံတွင် တပ်မတော်သည်မရှိမ ဖြစ်လိုအပ် သောအဖွဲ့အစည်းဖြစ် ကာ ဒီမိုကရေစီ ကျင့်စဉ်များကို ကာကွယ် ဖြည့်ဆည်း ပေးသည့် ဂုဏ်သိက္ခာရှိသော အင်အားစု ဖြစ်ရေး၊ စစ်ရေးစွမ်းရည်မြင့်မား ၍ နည်းပညာပိုင်းဆိုင်ရာ တိုး တက်သော အဆင့်အတန်းမြင့် သည့် ခေတ်မီတပ်မတော်တည် ဆောက်ရေးတို့ကို ဆောင် ရွက်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ပြည်တွင်းငြိမ်းချမ်းရေးအ တွက် တိုင်းရင်းသားများအချင်း ချင်းကြားဖြစ် ပေါ်နေသည့် ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်း နည်းဖြင့် ဖြေရှင်းခြင်း၊ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန် ပင်လုံ စိတ် ဓာတ်ကို အခြေခံသောနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုထူ ထောင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ် ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကြေညာစာတမ်းတွင် ပါတီက ဆောင်ရွက်မည့် မူဝါ ဒ လေးချက်နှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိ သည့်ကဏ္ဍ များပါဝင်သည့် ကဏ္ဍ ၁၃ ခုအ တွက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ဖော်ပြထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List