Monday, September 14, 2015

လာမည့်ရွေးကောက်ပွဲ ပြန်အရွေးခံရပါက ကလေးသူငယ် မုဒိမ်းမှုကျူးလွန်သူများကိုေ သဒဏ်ချမှတ်နိုင်သည့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကြိုးစားသွားမည်ဟု ဦးသိန်းညွန့်ကတိပြု


လာမည့်ရွေး ကောက်ပွဲတွင် ပြန်လည်အရွေးချယ်ခံခဲ့ရပါက ကလေးသူငယ်များအား မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ် ချမှတ်နိုင်သည့် ဥပ ဒေပြဋ္ဌာန်းနိုင်ရန် ကြိုးစားသွားမည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် က သူ၏ မဲဆန္ဒရှင်များအား ကတိပြုပြော ကြားလိုက်သည်။

စက်တင်ဘာ ၁၂ ရက်က သင်္ဃန်းကျွန်းမြို့နယ်တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီပါတီသစ်၏ ပထမဆုံး မဲဆွယ် စည်းရုံးရေး ဟောပြောပွဲတွင် ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန်က ''အနိုင်ရရင် လွှတ် တော်ထဲသွားပြီး အစိုးရဖွဲ့မယ်လို့တော့ မပြော ဘူး။ မလုပ်နိုင်တာကို မပြောဘူး။ ပြီးခဲ့တဲ့ လွှတ်တော် ငါးနှစ်သက်တမ်း အတွင်းမှာ လဲ တတ်နိုင်သလောက် မြို့ရွာဖွံ့ဖြိုးရေး လုပ် ငန်းတွေလဲ လုပ်ခဲ့ပါ တယ်။ တကယ်လို့ ပြန် အရွေးချယ်ခံရရင် ကလေးသူငယ် မုဒိမ်းမှု ကျူးလွန်းတဲ့ သူတွေကို သေဒဏ်ချမှတ်နိုင် အောင် လုပ်သွားမယ်။ ဥပဒေကတော့ လက် ရှိလွှတ်တော်မှာပဲ ရှိသေးတယ်။ ပြဋ္ဌာန်းနိုင် အောင် ကြိုးစားသွားမယ် ''ဟု ပြော သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ် အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပြည် သူ့လွှတ်တော်အမတ်လောင်း ခုနစ်နေရာ၊ အမျိုးသားလွှတ်တော် အမတ်လောင်း သုံးနေရာ၊ တိုင်းဒေသကြီး လွှတ်တော်အမတ် ၁၇ နေရာ စုစုပေါင်း ကိုယ်စားလှယ် လောင်း ၂၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၄င်းတို့အနက် အမျိုးသမီးအမတ်လောင်း ခုနစ်ဦးအထိ ပါဝင်ကြောင်း သိရသည်။

ဦးသိန်းညွန့်အနေဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂ဝ၁ဝ ပြည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နုတ်ထွက်ကာ လက်ရှိပါတီ ကို ထူ ထောင်၍ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဝင် ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော် အ မတ်တစ်ဦး ဖြစ်လာခဲ့သည်။ လာမည့်ရွေး ကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ် ကိုသာကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။

FlowerNewsJournal

No comments:

Post a Comment

My Blog List