Tuesday, September 15, 2015

စက်တင်ဘာ ၁၉၊ ၂ဝရက်တွင် ဒေါ်အောင်ဆန်းစုကြည် ရမည်းသင်းနှင့် နေပြည်တော်၌ မဲဆွယ်စည်းရုံးရေးဆင်းမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉၊ ၂ဝရက်များ၌ ရမည်းသင်း မြို့နှင့် နေပြည်တော်တို့တွင် မဲဆွယ် စည်းရုံးဟောပြောပွဲတစ်ပွဲစီ ပြုလုပ်မည်ဖြစ်ကြောင်း ပါတီရွေး ကောက်ပွဲ အောင်နိုင်ရေး နှင့် မဲဆွယ်စည်းရုံး ရေးကိစ္စရပ်များနှင့် ပတ်သက် ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က စက်တင်ဘာ ၁၄ရက်တွင် ဒီမိုကရေ စီတူဒေးသို့ ပြောသည်။

''ရန်ကုန်မှာ ဒေါ်အောင်ဆန်း စုကြည် စည်းရုံးရေးမဆင်းပါဘူး။ ဒီတစ်ပတ်အတွင်းမှာတော့ နေပြည်တော်နဲ့ ရမည်းသင်း ကို မဲဆွယ်စည်း ရုံးရေးဆင်း မယ်။ ၂၀ ရက်နေ့က နေပြည်တော်မှာတော့ တစ်ပွဲတည်း ပါ၊ မြို့နယ်ကတော့ သီရိတော့ သီရိ ပဲ၊ ဘာသီရိဆိုလား မမှတ်မိတော့ ဘူး။ ၁၉ မှာတော့ ရမည်း သင်းမြို့ ပေါ်မှာလုပ်မှာပါ။ အခုတော့ ဒေါ် အောင် ဆန်းစုကြည်က ရန်ကုန် မှာပါ ပဲ''ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က ပြောသည်။



ရွေးကောက်ပွဲစည်းရုံးရေးကိစ္စ များနှင့်ပတ်သက်ပြီး ဦးဝင်းထိန်က ပါတီမှ စည်းရုံးရေးဘတ်ဂျက်ချပေး ထားခြင်းမျိုးများ မရှိဘဲ မည်သည့် ထောက်ပံ့မှုမှ မပေးထားကြောင်း ၎င်းက ပြောသည်။



''ရွေးကောက်ပွဲအတွက် ပါတီကနေ ဘတ်ဂျက်ချပေးထားခြင်းမရှိ ပါဘူး။ စည်းရုံးရေးဆင်းတဲ့ကိုယ်စား လှယ်တွေက ကိုယ့်စရိတ်နဲ့ကိုယ် ဆင်းရတာ ပေါ့။ ပါတီက ဘာမှလုပ် မပေးနိုင်ဘူး။ ဒါကျွန်တော်တို့ NLD ထုံးတမ်းစဉ်လာ ပဲ။ အရင် တုန်းကလဲ အဲဒီလိုမလုပ်ပေးဘူး၊ အခုလဲမလုပ် ပေးပါဘူး၊ ဘယ်မှာ မှ ပိုက်ဆံမရှိပါ ဘူး''ဟု ပြောသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။


‪#‎Democracytoday‬

No comments:

Post a Comment

My Blog List