Monday, September 14, 2015

ဒေသခံများကန့်ကွက်၍ ကျောက်ဖြူနှင့် သံတွဲခရိုင်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များ အသစ်လဲလှယ်နေရ


ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်း ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရခိုင်တိုင်းရင်းသားများ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟုရေးသားထားသည့် ဆိုင်းဘုတ် ထူမှုအပေါ် ဒေသခံများက ကန့်ကွက်ခဲ့သည့်အတွက် အပိုစာသားပါ ဆိုင်းဘုတ်များကို စာသားဖြုတ်ခြင်း၊ ဆိုင်းဘုတ် အသစ်လဲလှယ် ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အပိုစာသားပါ ဆိုင်းဘုတ်များကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ထူခဲ့ပြီး ပြန်လည်ပြုပြင်၊ အသစ်လဲလှယ်မှုကို သြဂုတ်လမှ စတင်ကာ လက်ရှိအချိန်ထိ ပြုလုပ်လျက်ရှိခြင်းဖြစ်သည်။



ဆိုင်းဘုတ်တွင် အပိုစာသားပါရှိမှုအပေါ် ဒေသခံများနှင့် ဒေသတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများက ကန့်ကွက်မှု များ ပြုလုပ်ခဲ့ကြောင်း ကိုလည်း သိရသည်။



“မှတ်ပုံတင်ထာခြင်းမရှိတဲ့ ဆိုင်းဘုတ်ရဲ့ တရားမ၀င် စားသားအပိုမှာ လူထု၏စိတ်ဆန်္ဒကို တစ်မျိုးတစ်ဖုံ စိတ်ပြောင်းလဲမှု များ ဖြစ်ပေါ်လာစေဖို့နဲ့ ထိုသို့ပြောင်းလဲမှုနဲ့ ပါတီအပေါ် ထောက်ခံမဲရရှိရန် မဲဆွယ်စည်းရုံးခြင်း ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ် အဓိကရည်ရွယ် လုပ်ဆောင်တာပါ” ဟု ရခိုင် အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖိုးစံက ပြော သည်။



ပြည်ခိုင်ဖြိုးပါတီသည် ကျောက်ဖြူခရိုင်တွင်း မဲဆန်္ဒနယ်မြေအားလုံး၌ အနိုင်ရရှိရန် မျှော်မှန်းထားကြောင်း၊ ပြည်နယ်ဝန် ကြီးချုပ် ဦးမောင်မောင်အုန်းကို နိုင်ငံတော်သမ်္မတက အငြိမ်းစားပေးခဲ့ပြီးနောက် ကျောက်ဖြူခရိုင် အမ်းမြို့ မဲဆန္ဒနယ် မြေအမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော် မရှင်ရုံးမှသိရသည်။



MMK

The Ladies News Journal

No comments:

Post a Comment

My Blog List