Monday, September 14, 2015

မဲရုံမသမာမှုများ ရဲအရေးပိုင်ဖြစ်သဖြင့် တိုင်ကြားပါက ရဲက ဖမ်းဆီးစစ်ဆေးရမည်ဟု ဆို


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပမည့် မဲရုံအသီးသီးတွင် တာဝန်ပေးအပ်ထားသော မဲရုံမှူးများက မဲရလဒ် ပြောင်းစေ ရန် မသမာမှုတစ်ခုခုကို ပြုလုပ်နေကြောင်းတွေ့ရှိပါက ချက်ချင်း ရဲကိုအကြောင်းကြား၍ဖမ်းဆီးနိုင်ကြောင်း ရွေးကောက် ပွဲကော်မရှင်ထံမှ သိရှိရသည်။
ရွေးကောက်ပွဲနေ့တွင် မဲရုံမှူးများက မဲရလဒ်ပြောင်းအောင် လုပ်ဆောင်မှု သည် ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ရွေး ကောက်ပွဲပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်ကာ ရဲအရေးပိုင်သဖြင့် ချက်ချင်းဖမ်းခိုင်းနိုင်ကြောင်း သိရသည်။

မဲရုံမှူးအဖြစ် တာဝန်ပေးမည့်သူများမှာ ပညာရေးဝန်ထမ်းများဖြစ်သည့် အတွက် ဂုဏ်သိက်္ခာကို တန်ဖိုးထားသူများဖြစ် သဖြင့် မိမိတို့ဂုဏ်သိက်္ခာ ကျဆင်းစေမည့် ကိစ်္စရပ်များကို လုပ် ဆောင်မည်ဟု မယူဆကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲနေ့တွင် မဲမသမာမှုများဖြစ်ပွားပါက မဲရုံတွင်းရှိ ပါတီများမှ ကိုယ်စားလှယ်များ၊ ကော်မရှင်ကိုယ်စားလှယ် များပါဝင်သည့် ညှိနှိုင်းရေး အဖွဲ့များက စတင်ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ပြီး ညှိနှိုင်းမှု အဆင့် တွင် ပြေလည် မှုမရပါက နီးစပ်ရာရဲစခန်းတွင် ပါတီစုံ ဒီမိုကရေစီရွေးကောက် ပွဲကော်မရှင် နည်းဥပဒေဖြင့် အမှုဖွင့် ရမည်ဖြစ် ကြောင်း၊ ရဲစခန်းက အဆိုပါဥပဒေပါ ပုဒ်မ ၅၇ မှ ၆၄ အထိရှိသော ပုဒ်မတစ်မျိုးမျိုးဖြင့် အမှုဖွင့်ပေး ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသည်။

MMK
The Ladies News Journal

No comments:

Post a Comment

My Blog List