Tuesday, September 15, 2015

နောက်ဆုံးအကြိမ် ပြင်ဆင်ခွင့်ရမည့် မဲဆန္ဒရှင်စာရင်း စိတ်ဝင်စားသူများ


ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ်ပြင်ဆင်ခွင့်ရမည့် မဲဆန္ဒရှင် စာရင်း ကို စက် တင်ဘာ ၁၄ ရက်က ထုတ်ပြန်ရာ အမည်စာရင်းလာရောက်ကြည့်ရှု စစ်ဆေးသူ ယခင်အကြိမ်များ ထက်ပိုမိုများပြားခဲ့သည်။ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းကို စက်တင်ဘာ ၁၄ ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာ ခဲ့ရာ စိတ်ဝင်စားလာရောက်ကြည့်ရှုမှုများ ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး မှူးများကပြောသည်။

‘‘အရင် အရှေ့ပြေးစာရင်း ကြေညာစဉ်ကထက် စိတ်ဝင်တစား လာကြည့်တဲ့ သူများတယ်။ ပထမ ကြေညာ တုန်းက လာမ ကြည့်ဖြစ်ခဲ့တဲ့သူတွေရော အမည်စာရင်းလွဲမှားမှုလာပြန်စစ်တဲ့သူ တွေရောလာကြတယ်’’ဟု စမ်း ချောင်းမြို့နယ် လင်းလွန်း(မြောက်) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လွင် က ပြောသည်။

ယခုမဲဆန္ဒရှင်စာရင်းထုတ် ပြန်မှုတွင် ရက်ပေါင်း ၁၈၀ သန်း ခေါင်စာရင်းနှင့် နေထိုင်သူများ မဲထည့်ခွင့်တင် ပြမှုများကို အများ ဆုံးထောက်ခံချက်ပေးနေ သည့် အမည်စာရင်းလွဲမှားခြင်း၊ အမည်စာရင်းကျန်ခဲ့ခြင်းနှင့် သေဆုံးသူ များ ပြန်လည်ပါဝင်လာခဲ့ခြင်း စသည့် ဖြစ်စဉ်များမှာ အနည်းငယ်ဆက်လက် ရှိနေသေးသော် လည်း ယခင် ထုတ်ပြန်စဉ်က လောက်မရှိတော့ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြော သည်။

‘‘ရက်ပေါင်း ၁၈၀ သန်းခေါင်စာရင်းနဲ့နေတဲ့သူတွေကတော့ မဲထည့်ခွင့် လျှောက်တာ အများဆုံးပဲ။ ဒီနေ့တစ် ရက်တည်း ၆၀/၇၀ လောက်ရှိတယ်။ အမည်စာရင်းအမှား၊ မှတ်ပုံတင်နံပါတ် အမှားလာပြင်ခိုင်းတာ နှစ် ယောက် လောက်ပဲရှိတယ်’’ဟု ဗဟန်းမြို့နယ်ငါးနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ပြောသည်။

ထိုသို့ ရပ်ကွက်နေလူထု၏ မဲစာရင်းလာရောက်ကြည့်ရှုရန် စိတ်ဝင်စားမှုမှာ ပါတီအချို့က မဲစာရင်းကတ် မည့်ရက်မတိုင်ခင် ကတည်းက လိုက်လံပညာ ပေး ပြောကြားမှုများ ပြုလုပ်နေခြင်း၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မ ရှင်ရုံးမှ အသိပေးကြေညာမှုဆက် တိုက်ပြုလုပ်နေခဲ့ခြင်းတို့ကြောင့် လည်းဖြစ်သည် ဟု မင်္ဂလာဒုံမြို့ နယ်(၃/ခ)ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးစိန်ဝင်းက ပြောသည်။

‘‘အရင်တစ်ခေါက်ကထက် စာရင် အခုမဲစာရင်းလာကြည့်တဲ့ အရေအတွက် များလာတယ်။ တစ်ရပ်ကွက်လုံး ခြုံကြည့်ရင် တော့ စိတ်ဝင်စားမှု ရှိတယ်ဆို တာ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း လောက်ပဲရှိဦးမယ်ထင်တယ်။ အချို့ မလာကြတာတွေရှိသေး တယ်။ နောက်ပိုင်းရက်တွေတော့ ရောက်လာကြ မယ်ထင်တယ်’’ဟု ၎င်းက မှတ်ချက်ပြုသည်။

မဲဆန္ဒရှင်စာရင်းထုတ်ပြန်မှု ကို သွားရောက်ကြည့်ရှုရန် အသိ ပေးလှုံ့ဆော်မှု များ နိုင်ငံရေးပါတီ အချို့နှင့် အရပ်ဘက်အဖွဲ့အစည်း များက လုပ်ဆောင်နေ ခဲ့ပြီး အချို့ ရပ်ကွက်များရှိရာ အိမ်မှူး၊ ဆယ်အိမ်မှူးများ ကလည်း မိမိအပိုင် အလိုက် လိုက်လံနှိုးဆော်မှုများပြု လုပ်ခဲ့ကြသည်ဟု သိရသည်။

‘‘ကျွန်တော်တို့ လမ်းထဲက ရာအိမ်မှူးဆို သူ့အပိုင်ထဲက သူ တွေအိမ်စေ့ လိုက်ပြီး သန်းခေါင်စာရင်းနဲ့ နေ တဲ့သူပဲ ထည့်နိုင်အောင် ပုံစံ၃(က)ကိုယ်တိုင် လိုက်ဖြည့်ပေးတယ်။ တီဗီကလည်း မဲစာရင်းပညာရေးဇာတ် လမ်းလွှင့်ပေးနေ တော့ အဲဒါကြည့်ပြီး ကိုယ့်မဲစာရင်းသွားကြည့်ဖြစ်ကြတာတွေလည်းရှိတယ်’’ဟု မင်္ဂလာဒုံမြို့နယ် (၂/က)ရပ်ကွက်မှ ကိုကြည် အောင်က ပြောသည်။

ယခုတစ်ကြိမ် ထုတ်ပြန် သည့် မဲစာရင်းတွင်လည်း အမည် စာရင်းစာလုံး ပေါင်းလွဲမှားခြင်း၊ မှတ်ပုံတင် နံပါတ်လွဲမှားခြင်းများ နှင့် သေဆုံးသူအမည် စာရင်းပြန် လည် ပါဝင်လာခြင်းများ စသည့် ဖြစ်စဉ်အချို့ ဆက်လက်ဖြစ်ပေါ် နေမှုများရှိသေးကြောင်းလည်း မဲ စာရင်းကိုယ်တိုင် သွားရောက် ကြည့်ရှုသူ များက ပြောသည်။

 ‘‘မှားတာပြုတာရှိတယ်။ ကော်မရှင်လူကြီးတွေသွားပြောတော့ အရေးတယူ လုပ်ပေးပါတယ်’’ဟု ပုလဲမြို့ သစ်နေ ကိုညီခ က ပြောသည်။

မဲဆန္ဒရှင်စာရင်းတွင် လွဲမှား မှုများကို အတတ်နိုင်ဆုံးပြင်ဆင် မှုများပြုလုပ် ပေးနေပြီး အချို့စာရင်းများမှာ လ၀က၏ ပုံစံ(၆၆/၆) ကို အခြေခံပြုစုခြင်းဖြစ် သည့် အ တွက် လွဲမှားမှုအနည်းအကျဉ်းရှိခဲ့ ခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ် ချုပ်ရေးမှူးများက ပြောသည်။

 ‘‘တချို့က  အိမ်ထောင်စုစာရင်မှာ သေဆုံးသူအမည်သွား မဖျက်ထားဘူး။ ဒီလိုမလုပ်ထားသော ကျွန်တော် တို့လည်း အဲဒီလူ သေဆုံးမှုရှိ၊ မရှိမသိရဘူး။ အဲဒါ နဲ့ မဲစာရင်းထဲပါလာတာမျိုးတွေ ဖြစ်ကုန်တာရှိတယ်’’ဟု ဦးအောင် လွင်က ပြောသည်။

အဆိုပါ မဲစာရင်းကို စက်တင်ဘာ ၂၇ ရက်အထိ ကြေညာပေးမည်ဖြစ်ကာ ပြင်ဆင်မှုများ လည်း အခက်အခဲ မရှိပြုလုပ်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအနေဖြင့် အဆိုပါကာလအ တွင်းပိတ်ရက်မရှိဖွင့်လှစ်ကြ မည်ဟု သတင်း ရရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကို ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်က အွန်လိုင်းမှ တစ်ဆင့်လည်း ကြည့်ရှု နိုင်ရန် စီစဉ်ခဲ့ သော်လည်း စက်တင်ဘာ ၁၄ ရက် နံနက်တွင် ၀က်ဘ်ဆိုက်အတွင်း ၀င်ရောက်ကြည့်ရှုရသည် မှာ အဆင်ပြေမှုမရှိဟုဆိုကာ ဝေ ဖန်မှုများ ထွက်ပေါ်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List