Monday, September 14, 2015

ချစ်ပြီးသားပါ စီးရီးထပ်ထွက်မယ့် ထွန်းရတီ


ဒုတိယမြောက်တစ်ကိုယ်တော်စီးရီးနာမည်ကို ‘ချစ်ပြီးသားပါ’ဟု အမည်ပေးထားပြီး ၎င်း၏ တစ်ကိုယ်တော် အခွေတိုင်း၏ နာမည်ကို အချစ်နှင့်ပတ်သက်သည့် အမည်လေးများ ရွေးချယ်ပေးဖြစ်ကြောင်း ထွန်းရတီက ပြောသည်။

‘‘ရတီက အခွေနာမည်ပေးရင် ရတီရဲ့ စိတ်ဆန္ဒတစ်ခုအရပဲ ပေးတယ်။ ရတီကိုယ်တိုင်ကလည်း လွမ်းဆွေး နေတာကို မကြိုက်ဘူး။ အချစ်အကြောင်းကိုပဲ ဘယ်သူ့ကိုချစ်နေတယ်ဆိုတာမျိုးရည်ရွယ်တာမဟုတ်ဘူး။ ကိုယ်ချစ်နေ တာဆိုတာမျိုးလေးကိုပဲ ပေးတာကြိုက်တယ်’’ဟု ထွန်းရတီက ပြောသည်။

ထွန်းရတီသည် ၎င်း၏ ဒုတိယမြောက်တစ်ကိုယ်တော်အခွေ ဖြစ်သည့် ‘ချစ်ပြီးသားပါ’စီးရီးကို စက်တင်ဘာ ၂၇ ရက်တွင် ဖြန့်ချိ မည်ဖြစ်သည်။

‘‘ပထမအခွေနဲ့ ကွာခြားအောင်တော့ ဒီအခွေမှာ ရတီသီချင်းအမြူးလေးတွေ ထည့်ထားတယ်။ ပထမအခွေ နဲ့တော့ ကွာသွားမယ်။ ပထမအခွေမှာက ပေါ့ပ်တွေပါတယ်။ ဒီအခွေမှာတော့ အကတွေပါမယ်။ R&B ဘက် လည်းသွားထား တယ်။ ရော့ခ်ဘက်လည်းပါတယ်ဆိုတော့  အရင်အခွေနဲ့မတူဘဲ  အစုံလုပ် ထားပါတယ်။ စုံတွဲတော့မဆိုထားဘူး။ တစ်ခွေလုံးကို တစ်ယောက်တည်းဆို ထားတာပါ’’ဟု ထွန်းရတီက ပြောသည်။

‘ချစ်ပြီးသားပါ’အခွေတွင် တေးရေး ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စိုးလင်း၊မိုးမိုး၊ ညီမင်းခိုင်၊ သိန်းလင်းစိုး၊ ခင်ဆွေလင်း နှင့် ထွန်းရတီ ကိုယ်တိုင်ရေးသားထား ပြီး ပထမစီးရီး‘‘အချစ်များစွာယူ’’ အခွေနှင့် အချိန်တစ်နှစ်ခွဲကျော် ကြာပြီးမှ ထွက်ရှိလာခြင်းဖြစ်သည်။

ထွန်းရတီသည် ‘ချစ်ပြီးသားပါ’တစ်ကိုယ်တော်အခွေကို ဈေးကွက်တွင်ဖြန့်ချိ ပေးပြီးမှသာ အွန်လိုင်းတွင် အခမဲ့တင်ထားမည်ဟု ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List