Monday, September 14, 2015

NCA လက်မှတ်မထိုးရင် နိုင်ငံရေးဆွေးနွေးခွင့်ဆုံးရှုံးနိုင်ဟု UWSA ကို တပ်မတော် သတိပေး


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ပြုလုပ်ရာတွင် UWSA ၀ တပ်ဖွဲ့အနေဖြင့် ပါဝင်လက်မှတ် ရေး ထိုးခြင်း မရှိပါက ပြည်နယ်တောင်းပိုင်ခွင့် အခွင့်အရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက် ခွင့်အပါဝင် အခြားအခွင့်အရေး များ ဆုံးရှုံးနိုင်သည်ဟု တပ်မတော်မှ သတိပေးလိုက်ကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ UPWC နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP တို့မှ တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၂ ရက်နေ့က ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ယင်းသို့ ဆွေးနွေးစဉ် တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှ သတိပေးခြင်း ဖြစ်ကြောင်း ၀တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

"လက်မှတ်မထိုးရင် ကျနော်တို့ ၀တွေကို ပြည်နယ်တောင်းဖို့အတွက် နိုင်ငံေ ရးဆွေးနွေးပွဲ တက်ရောက်ခွင့် အပါအ၀င် အခြား နိုင်ငံရေးဆိုင် ရာအခွင့်အေ ရးတွေဆုံးရှုံးမယ်လို့ သတိပေးတယ်။ ဒါပေမဲ့ ကျန်တော်တို့ ကလည်း ထိုးမယ် မထိုးဘူးဆိုတာ တစ်ခါ တည်း အဆုံးဖြတ်မပေးနိုင်ဘူး။ တကယ်တော့ ကျန်တော်တို့က ၂၅ နှစ်ကျော်လုံးလုံး တချက်မှ သေနတ်မဖောက်ပဲ ငြိမ်းငြိမ်း ချမ်းချမ်း နေလာတာပဲလေ " ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ၀ တပ်ဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသည် နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် ၀ တပ်ဖွဲ့ အနေဖြင့် ပါဝင်လာနိုင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ဟု မြန်မာငြိမ်းချမ်းေ ရးစင်တာမှ တာဝန်ရှိသူတဦးကလည်း ပြောဆိုသည်။

ဝ တပ်ဖွဲ့အနေဖြင့်မူ လက်မှတ်ရေးထိုးလိုက်ပါက ၀ ပြည်သူများအတွက် နစ်နာစရာများ ရှိလာနိုင်သည့် အတွက် လက်မှတ်ရေးထိုးမည် မဟုတ်ပဲ နိုင်ငံရေးဆွေးနွေးပွဲမှသာ တက်ရောက်မည်ဟု စက်တင် ဘာလ ၄ ရက်နေ့ က ထုတ်ပြန်ကြေငြာထားခဲ့ပါသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ပါဝင်လက်မှတ်ေ ရးထိုးရန် အစိုးရဘက်က လက်ခံပြီး ကျန်အဖွဲ့တချို့မှာ နိုင် ငံရေး ဆွေးနွေး ခွင့်ရရှိမည် ဖြစ်သလို ကိုးကန့်အဖွဲ့နှင့် ပတ်သက်၍ တော့ သီးခြားတွေ့ဆုံေ ဆွးနွေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ် သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြောဆိုထားသည်။

ဝ တပ်ဖွဲ့မှလည်း - ကိုးကန့်အပါဝင်အဖွဲ့တချို့အား အစိုးရဘက်မှလက်မှတ်ထိုးရန် လက်သင့်မခံခြင်း အပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထား ပါသည်။

ကျိုင်းတုံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော် မတီ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ၀ တပ်ဖွဲ့ဘက်ကမူ အထွေထွေ အတွင်းရေးမှူး ဦးပေါက်ယူရီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List