Tuesday, September 15, 2015

" ဇာတ်ကားရိုက်နားထားတဲ့အချိန်မှာ ပရိသတ်တွေနဲ့ အဆက်ပြတ် သွားမှာစိုးရိမ်နေတဲ့ မိုးယုစံ "


မိုးယုစံက လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေကို နားထားပါတယ်။ ဒီလိုနားထားရခြင်းကလည်း မျက်နှာမှာဖြစ်ပေါ်နေတဲ့ အလာ့ဂျစ်တွေက မသက်သာ သေးတဲ့အတွက်ကြောင့်လို့ သိရပါတယ်။ ” မိုးယု လတ်တလောမှာတော့ ဓာတ်ပုံရိုက်ကြော်ငြာရိုက်ပဲ ရိုက်ဖြစ်နေတယ်။ 

အမှန်တိုင်းပြောရရင် မိုးယုမျက်နှာက မသက်သာသေးဘူး။ မိုးယုမျက်နှာက အလာ့ဂျစ်ဖြစ်နေတယ်။ အဲဒါ ကြောင့် ကားရိုက်ကို နားထားတာလည်းကြာပြီ။ နောက်ပိုင်းလည်း အနုပညာအလုပ်ကို ဖြည်းဖြည်းနှေးနှေး ပဲ လုပ်ဖြစ် တော့မယ်။ ကားရိုက်နား ထားတဲ့ အတွက် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သွားမှာကိုတော့ မိုးယုစိုးရိမ် ပါတယ်။ အဲဒီလို အဆက်အသွယ် ပြတ်သွားတာလည်း ခဏခဏဖြစ်ဖူးပါတယ်။ 

ဒါပေမဲ့ ကိုယ့်ကိုချစ်ပြီးအားပေးနေတဲ့ ပရိသတ်က အခုချိန်ထိရှိနေသေးတဲ့အတွက် အဲဒီ ပရိသတ်နဲ့ပဲ ကိုယ် ကတော့ ကျေနပ်တယ်။ ကျေးဇူးတင်ပါတယ်။ နားနေတဲ့ အချိန်မှာတော့ ဓာတ်ပုံရိုက်တို့ ဘာတို့တော့ လုပ် ဖြစ်တယ်။ ဓာတ်ပုံကျတော့ နည်းနည်း ပါးပါး ပြုပြင် လို့ ရသေး တယ်။ ဗီဒီယို ကျတော့ တအားကြီး သိသာ တော့ ကားရိုက်ကို နားနေတာပါ” လို့ မိုးယုစံက ပြော ပါတယ်။

အခုလက်ရှိ ရုပ်ရှင်ဇာတ်ကားတွေရဲ့အခြေအနေကို မိုးယုစံက ” တစ်ခုရှိတာက ရုပ်ရှင်ကြီးက ဗီဒီယိုတွေ လိုဖြစ်သွားမှာစိုးပါတယ်။ ရုပ် ရှင်တွေလည်း နောက်ပိုင်း ဗီဒီယို လို ပေါပေါလောလောနဲ့ ရိုက်ကြမယ်။ သေချာမရိုက်မှာကို စိုးရိမ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာပဲရိုက် ရိုက်အားလုံးက စည်းစည်းလုံးလုံးနဲ့ လုပ်ပြီး ကြိုးစားမှုနဲ့ ကိုယ့်ရဲ့ တာဝန်ယူမှုပေါ်မှာ မူတည်တယ်။ ရုပ်ရှင်ဇာတ် ကားတွေအ ရိုက် များလာခဲ့ရင်တော့ အကယ်ဒမီပေးတဲ့အခါ ပိုပြီးရင်ခုန် စရာကောင်းမယ်လို့ ထင်ပါတယ်။

အနုပညာကို ဝါသနာပါတဲ့သူတွေအတွက်လည်း အခွင့်အရေးကောင်းတွေအများကြီး ရှိပါတယ်။ မိုးယုတို့ ဆိုရင် အနုပညာသက်တမ်း ခုနစ်ကျော်၊ ရှစ်နှစ်ကျော်လောက်ရှိလာပြီ။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်လုပ်မှ ဖြစ်မှာပဲ။ ဒီတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ် မှုက ပထမ၊ ပြီးတော့ မိုးယုမိဘတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ပရိသတ်ရဲ့ အားပေးမှု တွေကြောင့်၊ ကိုယ့်ကိုကမ်းလှမ်းတဲ့ ထုတ်လုပ်ရေးတွေကြောင့် အခုထိ ရပ် တည်နေနိုင်တာပါ။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေက တော့ အများကြီးလို ပါသေး တယ်။ အဲဒါကြောင့် ဒီထက် အများကြီး ကြိုးစားရဦးမယ်” လို့ မိုးယုစံက ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
Popular Journal

No comments:

Post a Comment

My Blog List