Tuesday, September 15, 2015

ဒုက္ခသည် တစ်သိန်းနှစ်သောင်းလက်ခံဖို့ အီးယူဝန်ကြီးတွေ ဆုံးဖြတ်


ဥရောပတိုက်ထဲကို ရွှေ့ပြောင်းဝင်ရောက်နေသူတွေအရေးကို ကိုင်တွယ်ဖို့ ဘရပ်ဆဲလ်မြို့တော်မှာ ဥရောပ သမဂ္ဂ အီးယူအဖွဲ့ဝင် နိုင်ငံတွေက တရားရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ ကြပါတယ်။ဝင်ရောက် လာ သူတွေထဲက ခိုလှုံခွင့် ပေးထိုက်သူ အရေအတွက် တစ်သိန်းနှစ်သောင်းကို အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တလွှား နေရာချထားပေးဖို့ ဝန်ကြီး အများစုက သဘောတူလိုက်ပေမယ့် ဥရောပအလယ်ပိုင်း နဲ့ အရှေ့ပိုင်း နိုင်ငံတချို့ကတော့ ကန့်ကွက်ခဲ့ ကြပါတယ်။

ဒါပေမယ့် မူအရ အီးယူ နိုင်ငံ အများစု က သဘောတူ ခဲ့ ကြတဲ့ အတွက် လာမယ့် အောက်တိုဘာ ၈ ရက် အီးယူ ဝန်ကြီး တွေ ပြန်တွေ့ ကြတဲ့ အခါအခု ဆုံးဖြတ်ချက် ကို ဥပဒေ တစ်ရပ် အဖြစ် ပြဌာန်း လာနိုင် ဖို့ ရှိတယ် လို့ အီးယူ ရဲ့ ဥက္ကဌ နေရာကို လက်ရှိ ရယူထားတဲ့ လာ့ခ်ဇင်းဘာ့ဂ် နိုင်ငံ က ဆိုပါတယ်။

ဥရောပ အလယ်ပိုင်း နဲ့ အရှေ့ပိုင်း နိုင်ငံ တွေ အပေါ် ဒုက္ခသည် တွေ ကို ပိုလက်ခံ ပေးဖို့ တိုက်တွန်း ရမယ် ဆိုပြီး၊ နိုင်ငံတကာ လူဝင်မှု ဆိုင်ရာ အဖွဲ့ အစည်း IOM ရဲ့ ပြောခွင့်ရ လဲနာ့ဒ် ဒွိုင်း က ဆိုပါတယ်။

အဲဒီ့ နိုင်ငံတွေ ဟာ အီးယူ အဖွဲ့ရဲ့ ကြွယ်ဝမှု ကို မျှဝေ ခံစား နေရတဲ့ သူတွေ ဖြစ်တဲ့ အတွက်၊ ဒုက္ခသည် တွေ ကို ပိုမို လက်ခံ ပေးဖို့ ညှိနှိုင်း မှု တွေ လုပ်ဆောင်ရင် အောင်မြင် နိုင်မယ် လို့ မျှော်လင့် ကြောင်း မစ္စတာ ဒွိုင်း ပြောပါတယ်။

ဒုက္ခသည် လက်ခံရေး အပေါ် သဘောမတူ ဖြစ်နေတဲ့ ဟန်ဂေရီ နိုင်ငံ မှာတော့ ရွှေ့ပြောင်းသူတွေ အဓိက ဝင်ရောက်ရာ ဆီးဘီးယား နဲ့ ဟန်ဂေရီ နယ်ခြား က နေရာ ကို ဟန်ဂေရီ ရဲတွေ က သံဆူးကြိုးတွေ နဲ့ အလုံပိတ် လိုက် ပါတယ်။

အဲဒီ့ သံဆူးကြိုး နံရံ ကို ချိုးဖျက် ဝင်ရောက် လာသူ မှန်သမျှ ကို ဖမ်းဆီး အရေးယူ ခွင့် ပြုမယ့် ဥပဒေသစ် တွေ လည်း ဟန်ဂေရီမှာ မကြာခင် အတောအတွင်း အသက် ဝင် လာ တော့ မှာ ဖြစ်ပြီး အခုဆိုရင် အဲဒီ့ နယ်စပ် တလျှောက် ဟန်ဂေရီ ရဲ တွေ ရာပေါင်းများစွာ ချထား ပါတယ်။

BBC

No comments:

Post a Comment

My Blog List