Monday, September 14, 2015

ဖယ်ရီစရိတ် ဖြတ်တောက်မှုအပေါ် စက်ရုံလုပ်သားများ လက်မခံနိုင်ဖြစ်နေ


စက်ရုံအလုပ်သမားများအတွက် ဖယ်ရီခကို အလုပ်ရှင်များဘက်မှ စီစဉ်ပေးနေရသည့်အတွက် အနိမ့်ဆုံး လုပ်ခလစာ ထဲမှ ဖယ်ရီ စရိတ် ဖြတ်တောက်မည်ဆိုခြင်းကို လက်မခံနိုင်ကြောင်း စက်ရုံအလုပ်သမား အသိုင်းအ၀ိုင်းထံမှ သိရှိရ သည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးထားသည့် ကျပ် ၃,၆၀၀ ထဲမှ ဖယ်ရီ စရိတ် ဖြတ်တောက်မည်ဆိုပါက လက်မခံနိုင် ခြင်းမှာ အလုပ်ရှင်များဘက်မှ စီစဉ်ပေးရသည့် ကိစ်္စတစ်ခုဖြစ်နေသည့် အတွက်ကြောင့်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အာရှနှင်းဆီစက်ရုံ အလုပ်သမဒေါ်သန္တာမိုး က ပြောသည်။



“အခု ၃,၆၀၀ ထဲကနေ ဖယ်ရီခကိုဖြတ်မယ့် စက်ရုံတွေရှိတယ်လို့ ကြား တယ်။ ဒါပေမဲ့ ဖယ်ရီဆိုတာက အလုပ်ရှင်က စီစဉ်ပေးရမှာပါပဲ။ အလုပ်ရှင် အလုပ်သမား ပြေလည်အောင် ညှိရမှာပေါ့” ဟု ဒေါ်သန်္တာမိုးက ပြောသည်။ အနိမ့်ဆုံး လုပ်ခလစာအား သြဂုတ် လ ၂၉ ရက်တွင် သတ်မှတ်ခဲ့ပြီးနောက် အလုပ်ရှင်များဘက်မှ စက်ရုံပိတ်သိမ်းမှုများ အလုပ် သမား လျှော့ချမှုများနှင့် ဖယ်ရီခများကို လုပ်ခလစာမှ ဖြတ်တောက်မည့် ကိစ္စရပ် ပြုလုပ်နေမှုများ ရှိကြောင်း သိရသည်။



ဖယ်ရီခကို လုပ်ခလစာမှ ဖြတ်တောက်မည်ဆိုပါက အလုပ်သမားများ အတွက် အခက်ခဲဖြစ်လာမည်ဖြစ်ပြီး အလုပ်ရှင် အလုပ်သမားများ အကြား ပြဿာနာများ ဖြစ်ပွားလာနိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် အခြေခံ လုပ်သမား အဖွဲ့အ စည်းမှ အဖွဲ့ဝင် ဦးအောင်မျိုးဇော်ကပြောသည်။



“ပုံမှန်ဖယ်ရီခကတော့ အလုပ်ရှင်က စီစဉ်ပေးရတာပေါ့။ အခုတချို့စက်ရုံ တွေ က အလုပ်သမားတွေဘက်က ဖြတ်မယ် လုပ်တာကြားတယ်။ မလုပ်သင့် ပါဘူး။ ရေရှည်မှာလည်း အလုပ်ရှင် အလုပ်သမားအကြား နားလည်မှု လွဲတာတွေ ဖြစ် လာမယ်။ အလုပ်နောက် ကျတာတွေဖြစ်ပြီး အလုပ်ရှင်တွေ ထိခိုက်မယ်။ အလုပ်သမားကျတော့ ကျပ် ၃,၆၀၀ ထဲ က ဖြတ်ခံရမယ်ဆို တော့ရတာကလည်း နည်းတယ်။ ထပ်ဖြတ်ခံရတော့ အဆင်မပြေနိုင်ဘူး” ဟု ဦးအောင်မျိုးဇော်က ပြော သည်။



အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြီးနောက် အခြားခံစာခွင့်များနှင့် ပတ်သက် ပြီး ဆွေးနွေးမှုများကိုလည်း စက်တင်ဘာ ၇ ရက်တွင် လှိုင်သာယာ စက်မှုဇုန်ရှိ စက်မှုဇုန်အလုပ်သမားများ၊ အလုပ်ရှင်များနှင့် အလုပ်သမား ၀န်ကြီး ဌာနတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



အဆိုပါတွေ့ဆုံမှုတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးထင်အောင်က ဖယ်ရီစရိတ်မှာ အလုပ်ရှင်များ က ကုန်ကျပေးသင့်ကာ အလုပ်သမားများ ဘက်မှ ဖြတ်တောက်ရန် မလို အပ်ကြောင်း ပြောကြားခဲ့သည်။



MMK

The Ladies News Journal

No comments:

Post a Comment

My Blog List