Monday, September 14, 2015

လှူဒါန်းသူများ နည်းလာသည့် ရခိုင်ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး စိုးရိမ်


ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများ နည်းပါးလာခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးအတွက် စိုးရိမ်နေကြကြောင်း ရခိုင်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ် တွင် ဇူလိုင် ၂၆ ရက် နှင့် သြဂုတ်လ ၂ ရက်ထိ ရေကြီးရေလျှံ မှုကြောင့် မင်းပြား၊ မြောက်ဦး၊ကျောက်တော်မြို့နယ် တို့ တွင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ကူညီကယ် ဆယ်ရေးအဖွဲ့များ လာရောက်ကူညီ မှုများ ရှိခဲ့သော်လည်း လက်ရှိ တွင် ကူညီသည့်အဖွဲ့များ နည်းသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုမန်ဆိုင် ကလုန်းမုန်တိုင်းနှင့် ရေကြီးမှုကြောင့် လူ ၅၆ ဦး သေဆုံးခဲ့ကာ စိုက်ပျိုးလယ်ဧက ၂၁၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီ ကျွဲ၊ နွား၊ ၀မ်းစာစပါးများနှင့် ဟင်းသီး ဟင်းရွက်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။



“မိုးတွင်းအတွက် စုဆောင်းထားတဲ့ ၀မ်းစာစပါးတွေ ဆုံးရှုံးခဲ့ရတယ်။ လက်ထဲ ဘာမှမကျန်ဘူး။ အခု ကျေးရွာတွေကို ကယ်ဆယ်ရေးလာပေးတဲ့ အဖွဲ့တွေ ကလည်း မရှိသလောက် ဖြစ်သွားတာတွေ့ ရတယ်။ ကျေးရွာတွေ မှာရှိတဲ့ လယ်သမားတွေက စားဝတ်နေရေး ဘေးဒုက်္ခနဲ့ ကြုံ တွေ့ရမှာကို စိုးရိမ်နေကြတယ်” ဟု ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် မြို့နယ်များတွင် ကူညီ ကယ်ဆယ်ရေးများ ဆောက်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာ အောင် က ပြောသည်။



“ကျွန်တော်တို့ စပါးကြဲတာ နောက်ကျတဲ့အတွက် စပါးပေါ်ချိန် ကလည်း နောက် ကျမှာ သေချာတယ်။ ပုံမှန်ဆို ရင် ၁၂ လပိုင်း လဆန်းလောက်မှ စပါးစပေါ်ပေမယ့် ဒီနှစ်နောက်ထပ် ၂ လလောက် အထိ နောက်ကျနိုင်တယ်။ မိုးနှောင်းပုံမှန် ရွာဖို့လိုတယ်။ ကျွန်တော်တို့ဆီမှာ ဘာအလုပ်အကိုင်မှ မရှိဘူး။ ဒါကြောင့် စပါးမပေါ်ခင်အချိန်အတွင်းမှာ ကယ်ဆယ်ရေး ဆန်တွေဖြန့် ဝေပေးဖို့လိုအပ်တယ်” ဟု မင်းပြားမြို့ နယ်၊ တောင်ပုက္ကေကျေးရွာမှ ဦးစံရွှေခိုင်က ပြောသည်။



နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းတို့က သြဂုတ် ၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ရှိ ရေဘေးသင့် မြို့နယ်များသို့ ရောက်ရှိ စဉ် ဒေသခံ လယ်သမား များနှင့် တွေ့ဆုံကာ မျိုးစပါးများ အချိန်မီ ဖြန့်ဝေပေးမည်ဟု ပြောဆို ခဲ့သော်လည်း လက်တွေ့တွင် အချိန်မီဖြန့်ဝေပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံ လယ်သမား များထံမှသိရသည်။





The Ladies News Journal

No comments:

Post a Comment

My Blog List