Tuesday, September 04, 2012
" ကလေးတွေအသက်လိမ်ပြီး စစ်ထဲဝင်လို့ ဗိုလ်ချုပ်ပြော "
အရွယ်မရောက်သေးတဲ့ ​ကလေး ​စစ်သား ​၄၂ ​ယောက်ကို ​ကာကွယ်ရေး ​ဦးစီးချုပ်ရုံး
(ကြည်းတပ်)ကနေပြီး ​မနေ့တုန်းက ​ရန်ကုန်မြို့ ​ ဘုရင့်နောင် ​စစ်ကြောရေးစခန်းမှာ ​မိဘနဲ့ 
အုပ်ထိန်းသူတွေထံ ​ပြန်လည် ​အပ်နှံခဲ့ပြီး ​ကလေးတွေက ​ အသက်လိမ်ပြီး ​စစ်ထဲဝင်ခဲ့တာလို့လဲ ​ပြောလိုက်ပါတယ်။
အဆိုပါကလေးစစ်သားတွေကို ​တပ်ထွက်လက်မှတ်နဲ့ ​နိုင်ငံသားစိစစ်ရေး 
လက်မှတ်တွေပေးအပ်ခဲ့ပါတယ်။
နောက်ပြီး ​ကျောင်းဆက်နေလိုတဲ့ကလေးတွေ ​ကျောင်းနေနိုင်ရေးနဲ့အသက်မွေးဝမ်းကျောင်း
ပညာသင်လိုတဲ့ ​ကလေးတွေကို ​အသက်မွေုးဝမ်းကျောင်းပညာသင်ပေးရေးအတွက်
တွဲဖက်စစ်ရေးချုပ် ​ဗိုလ်ချုပ် ​တင်မောင်ဝင်းက ​ပြောပါတယ်။
တပ်မတော်အနေနဲ့ ​အသက် ​၁၈ ​နှစ်နဲ့ ​အသက် ​၂၅ ​နှစ်ကြား ​လူငယ်တွေကိုသာစစ်သားသစ်အဖြစ် ​စုဆောင်းခွင့်ပေးထားပေမယ့် ​အသက် ​၁၈ ​နှစ်အောက်ကလေးလူငယ်များက ​တပ်ထဲ ​၀င်လိုတဲ့အတွက် ​အသက်လိမ်ပြီး ​၀င်နေကြတယ်လို့ ​ပြောပါတယ်။
ဒါပေမယ့် ​လွန်ခဲ့တဲ့ ​၉ ​လကျော်က ​ပဲခူးတိုင်းမှာစစ်သားစုဆောင်းရေးအဖွဲ့ကနေပြီး ​ခေါ်ဆောင်
သွားခဲ့တဲ့ ​အသက် ​၁၄ ​နှစ်အရွယ် ​ကလေးစစ်သားရဲ့ ​မိခင်ဖြစ်သူကတော့ ​သူ့ရဲ့ ​သားငယ်ကို 
စစ်တပ်က ​ဆန်တစ်အိတ်နဲ့ငွေငါးသောင်း ​ပေးမယ်ဆိုပြီး ​မက်လုံးပေးခေါ်ဆောင်သွားခဲ့တယ်
လို့ ​အခုလိုပြောပါတယ်။
အရက်တွေတိုက်တယ် ​ပြီးတော့ ​ကလေးကို ​စစ်တပ်ထဲလိုက်မလား။ ​မင်းအမေကို 
ငွေငါးသောင်းနဲ့ ​ဆန်တအိတ်ပေးမယ်ဆိုပြီးတော့ ​ခေါ်သွားတာပေါ့။
အဆိုပါမိခင်က ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အိုင်အယ်အိုကို ​တိုင်းကြားခဲ့ပြီးနောက်
 ​အခုလို ​သားက ​ပြန်လွှတ်တဲ့အထဲမှာ ​ပါလာတာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။
လွန်ခဲ့တဲ့ ​၂၀၀၅ ​ခုနှစ်ကစပြီး ​မြန်မာနိုင်ငံကို ​အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို 
စစ်သားအဖြစ် ​စုဆောင်း ​အသုံးပြုတဲ့ ​နိုင်ငံအဖြစ် ​ကုလသမဂ္ဂကနေပြီး
အဲဒီစာရင်းထဲက ​ပယ်ဖျက်နိုင်ဖို့ ​ကြိုးပမ်းချက် ​တစ်ရပ်အနေနဲ့ကာကွယ်ရေးဝန်ကြီးဌာန
ကနေပြီး ​ရန်ကုန်မြို့ ​အခြေစိုက် ​ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ​ပူးပေါင်း ​ဆောင်ရွက်ဖို့
မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီလုပ်ငန်းအစီအစဉ်အရ ​တပ်မတော်ထဲက ​ကလေးစစ်သားတွေကို ​၁၈ ​လအတွင်း ​မိဘရပ်ထံပန်ပို့ ​ပေးသွားရမှာ ​ဖြစ်ကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် 
ကိုမောင်သန်းက ​သတင်းပေးပို့ခဲ့ပါတယ်။
ABC (မြန်မာပိုင်း)
No comments:
Post a Comment
My Blog List