Wednesday, September 12, 2012

ကချင်ပြည်နယ်အတွင်း ထိုးစစ်တင်တိုက်ခိုက်မှုကိုရပ်တန့်ရန် သမ္မတက အမိန့်ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ

12 Sep 2012
ကချင်ပြည်နယ်အတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကို သမ္မတ ဦးသိန်းစိန်အနေနဲ့ ရပ်တန့်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် မြန်မာစစ်တပ်ကဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်ဆိုင်းဖို့ တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။


ထိုင်းမြန်မာနယ်စပ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ညီလာခံ ကျင်းပအပြီးမှာ အခုလိုတောင်းဆိုလိုက်တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြည်တောင်စု အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆိုင်းငံ့ဖို့ကိုပါ ENC အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ENC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါး က အာအက်ဖ်အေ ကို အခုလို ပြောပါတ ယ်။ "ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား တစ်ခုလုံး နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲတွေ ဖြစ်မှ ပဲ ဒါက တကယ့် စစ်မှန်တဲ့ တကယ့်ပြေလည်နိုင်မယ့် ငြိမ်းချမ်းရေးကို ရရှိမယ်လို့ ကျနော်တို့ သုံးသပ်တယ်၊ အဲ့ဒါကြောင့် အားလုံး ပါဝင်နိုင်ဖို့ ဆိုလို့ရှိရင် ကချင်ပြည်ဘက်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကိုဖြေရှင်းမှသာ ကချင် လူမျိုးေ တွ ကချင်တွေလည်းပါလာနိုင်မှာ ဖြစ်တယ်။ ဒီလိုမျိုး ဆက်လုပ်နေလို့ကတော့ ကျနော်တို့ကလည်း ရှေ့ဆက်သွား လို့ မရဘူး။ အဲ့ဒါကြောင့် ကျနော်တို့က ကျန်တဲ့ အပစ်အခတ်ရပ် အဖွဲ့အစည်းတွေကို လည်း တကယ်လို့ ဒီလိုပဲ ဆက်လက်ထိုးစစ်ဆင်နေမယ် ဆိုလို့ရှိရင် ကျနော်တို့က အခု ပြည်တောင်စု အစိုးရနဲ့ အင်ဂေ့ခ်ျမန့် လုပ်နေတဲ့ဟာတွေကို ဆိုင်းငံ့ ထားဖို့ပေါ့နော်။ စက်စပန် လုပ်ဖို့ ကို ကျနော်တို့ တောင်းဆို လိုက်တာဖြစ်တယ်။"

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် အသက်ဆုံးရှုံးသွားတာ၊ အနာတရရတာ၊ အိုးအိမ်ဥစ္စာဓနဖျက်ဆီးခံရတာ ဆုံးရှုံးတာ ဒုက္ခသည်အဖြစ်ရောက်ရှိနေတာတွေအပေါ် ၀မ်းနည်းမိကြောင်း နဲ့ ဒီကိစ္စကို ပြည်တောင်စု အစိုးရအနေနဲ့ တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းဖို့ကိုလည်း ENC အဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပင်လုံကဲ့သို့သော ညီလာခံအပါအ၀င် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် မူဘောင် တွေကို ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား လူမျိုးတွေအကြား နှစ်ဖက်ညှိနှိုင်းသဘောတူညီပြီးမှသာ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုကြောင်း သဘောထား ရှိတယ်လို့ ဒေါက်တာ ရွှေခါး က ဆက်ပြောပါတယ်။

"ကျနော်တို့ ပင်လုံကဲ့သို့ ညီလာခံလုပ်မယ်ဆို ကျင်းပရေးကော်မတီ ဘယ်လိုဖွဲ့မလဲ ၊ ဘယ်သူတွေက ပါဝင်မည့် ပုဂ္ဂိုလ်တွေကို identify လုပ်မလဲ၊ ပြီးတော့ agenda တွေဘယ်လိုဆွဲမလဲ၊ ပြီးတော့ ကျနော်တို့ အဲ့လိုမျိုး ညီလာခံ လုပ်လို့ရှိရင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ ဆုံးဖြတ်ချက်ချတယ် ထားအုံး ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ Framework ပြီးတော့ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ဟာကလည်း တစ်ခုလုံး ပါလာဖို့အတွက် လက်ရှိ ဥပဒေ တွေမှာ နည်းနည်း ပြင်ဆင်စရာတွေ ရှိတာတို့ ဥပမာ အခုက တိုင်းရင်းသားတွေ အခုထက်ထိ လက်နက်ကိုင် အဖွဲ့အစည်းတွေက တရားမ၀င်မှာပဲ ရှိသေးတယ် ဆိုတော့ ကျနော်တို့နဲ့ စကားပြောတဲ့လူ ကျနော်တို့နဲ့ တွေ့တဲ့လူက ၁၇ မျဉ်းစောင်း ၁ နဲ့ ဖမ်းလို့ရသေးတာကိုး၊ ဖမ်းနေဆဲ ဖြစ်နေတာကိုး။ အဲ့ဒါတွေကိုလည်း ကျနော်တို့ အကုန်လုံး ညှိရမယ်။ အဲဒါမျိုး Framework တွေ ချမှတ်ရမှာပေါ့။"

တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့ကို ပြည်နယ် ၇ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဒီတတိယအကြိမ်ညီလာခံကနေ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင် ကို ရွေးချယ်လိုက်ကြတယ်လို့လည်း သိရပါတယ်။


(Photo courtesy of ENC)

No comments:

Post a Comment

My Blog List