Thursday, September 13, 2012

လွှတ်တော်ဂျာနယ် စတင်ထုတ်ဝေ

Thursday, September 13, 2012

စက်တင်ဘာ ၁၀ ရက်နေ့စွဲနဲ့ လွှတ်တော်ရုံးက ထုတ်ဝေတဲ့ လွှတ်တော်ဂျာနယ် အမှတ် ၁ ကို ဒီနေ့ ရန်ကုန်ဈေးကွက်မှာ စတင် ဖြန့်ဖြူးပါတယ်။

ဒီဂျာနယ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ခြင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ၊ ဆောင်းပါးတွေကို ဦးစားပေး ဖော်ပြထားပါတယ်။

အခြားအကြောင်းအရာတွေအဖြစ် လွှတ်တော်အမတ်ဦးရေ၊ နိုင်ငံရေးပါတီအလိုက် ဦးရေ၊ လွှတ်တော်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မရှင်နဲ့ ကော်မတီ တာဝန်ရှိသူတွေစာရင်း စတာတွေ ဖော်ပြထားပြီး စာမျက်နှာ ၃၂ မျက်နှာ ပါပါတယ်။

ဒီဂျာနယ်ကို လမ်းဘေးဂျာနယ်ဆိုင်တွေမှာ ၁ စောင်ကို ကျပ် ၅၀၀ နဲ့ ရောင်းချနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

No comments:

Post a Comment

My Blog List