Thursday, September 13, 2012

မိုးသီးဇွန်မှ "ချွေးဖြင့် သမိုင်းရေးထိုး"

Thursday, September 13, 2012
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထဲက အထင်ကရပုဂ္ဂိုလ်တဦးဖြစ်တဲ့ မိုးသီးဇွန်ရဲ့ ဆန်အိတ်ထမ်းတဲ့ပုံ လူပြောများနေတဲ့ ကာလမှာပဲ ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ချွေးဖြင့် သမိုင်းရေးထိုး ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာ့အာဘော် ရေးထားတာ တွေ့ရပါတယ်။




ဖတ်ရတာ အင်မတန် အဆင်ပြေလာပြီဖြစ်တဲ့ အစိုးရသတင်းစာအာဘော်မှာ ဒီကနေ့ ရေးထားတဲ့ထဲမှာ မိုးသီးဇွန် ဆိုတဲ့ နာမည်တော့ မဟုတ်ပါဘူး။ ရေးထားတဲ့အကြောင်းအရာက တက်ကျမ်း၊ ဘာသာရေးဆောင်းပါးတို့နဲ့ နွယ်ပါတယ်။

မြန်မာပြည်မှာ ဘာလုပ်သင့်သလဲ၊ ဘာလုပ်နိုင်မလဲ သွားရောက်လေ့လာဖို့ ပြည်တော်ပြန်ကြသူ နိုင်ငံရေးသမားများထဲမှာ မိုးသီးဇွန်လည်း တယောက်အပါအ၀င်ပါ။ စစ်ဗိုလ်ချုပ်တွေ အနှစ် ၅၀ လောက် တတ်ယောင်ကားလုပ်သွားတဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်စရာတွေ ဆောင်ရွက်သင့်တာတွေ အများကြီးတွေ့မှာပါ။

အသက် ၄၀ ၀န်းကျင်နဲ့အထက် မြန်မာပြည်သားတို့ကတော့ သူ့ကို သိကြပါတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်ကြား ပြည်ပ ရေဒီယိုနားထောင်သူများလည်း သူ့ကို သတိထားမိကြပါလိမ့်မယ်။ မိန့်ခွန်းပြောကောင်းတဲ့အတွက် သူ့ရဲ့ ရေဒီယိုအင်တာဗျူးတိုတွေက ပျင်းစရာကောင်းမနေပါဘူး။

သူ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ABSDFမှာ ရဲဘော်များကတော့ သူ့ကို လေးစားကြတာ တွေ့ရပါတယ်။ စီမံခန့်ခွဲမှုအားနည်းပေမယ့် စကားပြောကောင်းသူ၊ ဟာသဥာဏ်ရှိသူပါ။

မြန်မာပြည်အရေး ဆက်လက်ဆောင်ရွက်သွားမယ့် မိုးသီးဇွန်ဟာ နောက်ကွယ်ကစီမံကွပ်ကဲတဲ့နေရာထက် ရှေ့တန်းထွက်ဆောင်ရွက်မယ့်နေရာက သူ့အတွက် ပိုသင့်တော်မယ်လို့ ယူဆရပါတယ်။

သူပါဝင်ဆောင်ရွက်မယ့်အဖွဲ့အစည်းအတွက် စည်းရုံးရေးဆင်းတဲ့နေရာ၊ သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေရာတို့မှာ သူ့ကို ပိုပြီး တွေ့လာရဖွယ် ရှိပါတယ်။

စည်းရုံးရေးကောင်းသူ၊ ကျအောင်ပြောနိုင်သူဖြစ်လို့ သူ့ကို ထောက်ခံသူ အများအပြား ရှိပါတယ်။

ထောက်ခံသူတွေထဲက တချို့ရဲ့ မင်္ဂလာဒုံလေဆိပ် ကြိုဆိုပုံကတော့ သူ့ကို အချွန်နဲ့ မ ပေးလိုက်သလိုပါပဲ။ လေဆိပ်မှာ သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်ကြီးမှာ မိုးသီးဇွန်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လို့ ရေးထားပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးရဲ့ရှေ့ပြေး ကျောင်းသားဆန္ဒပြပွဲတွေမှာတော့ သူက သူရဲကောင်းပါပဲ။ မျိုးဆက်သစ်လူငယ်များကတော့ သူ့ကို ထင်ရှားသူများထဲကတဦးအဖြစ်သာ မြင်နေကြပါတော့တယ်။

No comments:

Post a Comment

My Blog List