Friday, September 14, 2012

ဗန်ပါစီ၏ နေရာတွင် အစားထိုးရန် ဒရော့ဘာကို အာဆင်နယ် သဘောကျ လျက်ရှိ

Friday, September 14, 2012


အာဆင်နယ် အသင်းသည် ရော်ဘင် ဗန်ပါစီ၏ နေရာတွင် အစားထိုးရန် အတွက် ပွဲအတွေ့ အကြုံရှိပြီး ဂိုးသွင်း စံချိန်မြင့် မားသည့် ကစားသမား တစ်ဦးကို အလောတကြီး ရှာဖွေ လျက်ရှိကြောင်း သိရသည်။
၎င်းတို့သည် လက်ရှိတွင် ရှန်ဟိုင်း ရှန်ဟွာ အသင်းမှ ဒီဒီ ရာဒရော့ ဘာအား သဘောကျ နှစ်ခြိုက် လျက်ရှိ သည်။

အာဆင်နယ် အသင်းသည် ရှန်ဟိုင်း အသင်း၏ အတွင်း ပိုင်း၌ အဆင် မပြေမှုများ ရှိသည်ကို ရိပ်စားမိပြီး အဆိုပါ ကိစ္စရပ်ကို အခွင့်ကောင်း ယူကာ ဒရော့ဘာအား ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။
ဒရော့ ဘာသည် တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၂ဝဝဝဝဝ ရရှိသည်ဟု ယူဆရဖွယ် ရှိသည်။ ၎င်းအား လီဗာပူး အသင်းက လည်း ဆက်သွယ် ခဲ့သေးသည်။

ရီးယဲလ် မက်ဒရစ်၏ မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် အဆိုပါ တိုက်စစ် မှူးအား ၂ဝဝ၄ ခုနှစ်က စတန်းဖို့ ဘရစ်သို့ ခေါ်ယူခဲ့ပြီး ၎င်းနည်းပြသည် နွေရာသီ အပြောင်း အရွှေ့ကာလ အတွင်း ကလည်း ဒရော့ဘာကို ခေါ်ယူရန် မျက်စိ ကျခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List