Friday, September 14, 2012
လက်ရှိ လက်ပန်းတောင်းတောင်
ကိစ္စကို ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် စိတ်ဝင်
စားမှုရှိကြောင်းနှင့် အဖမ်းခံရသူများ
အတွက် စိုးရိမ်နေကြောင်း ယင်းအရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဒီချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက် ၍ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသာအေး၊ သတ္ထု၊ စွမ်းအင်၊ သစ်တော တိုင်းဒေသကြီး ၀န်ကြီး ဦးသန်းထိုက်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးယုလွင်၊ ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာခံကျင်း ပရေးကော်မရှင် ဦးအောင်ရှင်တို့သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် တွေ့ဆုံခဲ့ပြီး တစ်နာရီခွဲခန့် ဆွေးနွေးခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောသည်။
“မသွဲ့သွဲ့ဝင်းတို့ မလွတ်သေးဘူးဆိုရင် တွေ့ပါရစေလို့ တောင်းဆိုတဲ့အခါ ၀န်ကြီးချုပ်က တွေ့မနေ ပါနဲ့တော့။ မကြာမီမှာ သတင်းကောင်း ကြားရပါတော့မယ်။ တရားဥပဒေ ပညာရှင်တွေနဲ့ ဆွေးနွေးနေပြီး မကြာခင်အချိန်မှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမှာ ပါလို့ ပြန်ပြောပါတယ်။ ၀န်ကြီးချုပ်ရဲ့ အကောင်းဆုံးဆိုတဲ့ ဆောင်ရွက်မှုကို ကျွန်မတို့ စောင့်နေပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

7 Day News
No comments:
Post a Comment