Saturday, September 15, 2012

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်အချို့မှာ စက်တင်ဘာ ၁၆ ရက်တွင် ဖားကန့်မြို့သို့ သွားရောက်မည်



၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချို နှင့် အဖွဲ့ဝင်အချို့မှာ စက်တင်ဘာ ၁၆ ရက်တွင် ဖားကန့်မြို့သို့ သွားရောက်၍ ထိုဒေသတွင်း
ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ရင်ဆိုင်နေရသော လူနေမှုဘ၀အခြေအနေ များ ကို သွားရောက်လေ့လာကာ၊ သွားရောက်အားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှာ ဖားကန့်ဒေသတွင် နှစ်ရက်နေထိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၈ တွင် မိုးကောင်းမြို့သို့ ဆက်လက်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင်မှ ရန်ကုန်သို့ ပြန်လာမည်
ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားနေသော ဖားကန့်ဒေသသို့ သွားရောက်ရန် ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် များက ယခင်ကတည်းက စီစဉ်ခဲ့ပြီး ယခုမှ သွားရောက်မည်ဖြစ်ကာ ထိုသို့ သွားရောက်ရန် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့လည်း သတင်းပို့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ယခုအခါ ၄င်းတို့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပနေသော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ (တရားဝင်အသုံးနှုန်း- သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး) သို့ တက်ရောက်လျက်ရှိသည်။

from - 7Day News Journal

No comments:

Post a Comment

My Blog List