Wednesday, September 12, 2012
ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို
ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်အဆောက်အအုံတွင် စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈
ရက်နေ့ စုစုပေါင်း နှစ်ရက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းအစည်းအဝေးအတွက် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း
ဖိတ်ကြားထားပြီးဖြစ်ပြီး ယခုအစည်း အဝေးတွင် ဘတ်ဂျက်ကိစ္စဆွေးနွေးခြင်းနှင့်
ပုံမှန်ဆွေးနွေးနေကြ မေးခွန်းဖြေကြားခြင်းများ အား
ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးကို လိုအပ်ပါက ရက်ထပ်တိုးကာ
ပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။
''လောလောဆယ်တော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၂၇ ရက်နဲ့
၂၈ ရက် နှစ်ရက်လုပ်မယ်လို့ ကျွန်တော်တို့ကို ဖိတ်ထားတယ်။ အစည်းအဝေးမှာ
မေးချင်တဲ့မေးခွန်းတွေကို အစည်းအဝေးမလုပ်ခင် ၁၀ ရက်အလိုအထိ တင်ဖို့
ကျွန်တော်တို့ကို ပြေားထားတယ်။ အဲဒီနောက်ပိုင်း ထပ်တိုးမဲ့
မေးခွန်းအခြေအနေပေါ်မူတည်ပြီး အစည်းအဝေးကို ထပ်တိုးရင်လည်း တိုးမယ်လို့
သိရတယ်။ ကျွန်တော်ကတော့ မေးခွန်းတွေကို ဒီ ၁ ရက် ၂ ရက်အတွင်း အပြီးတင်ဖို့
လုပ်နေတယ်'' ဟု တာမွေမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းထိန်က ပြောပြခဲ့သည်။
ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ပြီးခဲ့သည့်
ဧပြီလ ၂၄ ရက်နေ့တွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment