Thursday, September 13, 2012

ပန်ဝါ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် KIA အဖွဲ့တို့ မိုင်တိုင်(၅)မှာ တိုက်ပွဲဖြစ်

စက်တင်ဘာ (၁၃)
 
တရုတ်-မြန်မာနယ်နိမိတ်မှတ်တိုင် အမှတ်(၅)မှာ တပ်စွဲထားတဲ့ ပန်ဝါဒေသမှ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို KIA အဖွဲ့ဝင်တွေမှ စက်တင်ဘာလ(၁၁)ရက်နေ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ပြည်သူ့စစ်အဖွဲ့ဝင် (၁၀)ဦးခန့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးအား အရှင် ဖမ်းဆီးသွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေထားခဲ့တဲ့ လက်နက်ခဲ ယမ်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။  

အဆိုပါပန်ဝါစခန်းတွင် ပြည်သူ့စစ်အဖွဲ့ဝင်(၁၀)ဦးခန့် အခြေချနေထိုင်ပြီး (၅)ဦးမှာ လက်နက်များအား နယ်စပ် မှတ်တိုင်(၅)တွင် ထားခဲ့ပြီး တရုတ်နိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်နေစဉ် ကျန်ရှိနေတဲ့ (၅)ဦးအား KIA အဖွဲ့မှ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဟာ ပြန် လည်ခုခံနိုင်ခြင်းမရှိဘဲ လက်နက်ခဲယမ်းတွေထားကာ ထွက်ပြေးခဲ့တာဘဲ ဖြစ်ပါတယ်။ 

ဗမာအစိုးရစစ်တပ်တွေအနေနဲ့ KIA ထိန်းချုပ်တဲ့ နယ်မြေဒေသတွေမှာ ၀င်ရောက်တပ်စွဲကာ တရစပ် ထိုးစစ် ဆင်လာမှုတွေကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပေါက်ရရှိရန် ယခုလိုတရုတ်-မြန်မာနယ်စပ် မှာရှိတဲ့ လူဦးရေ နည်းပါးတဲ့ ပြည်သူ့စစ်စခန်းတွေကို လိုက်လံရှင်းလင်းနေတာ ဘဲဖြစ်ပါတယ်။ ရှေ့တန်း တိုက် ပွဲတွေမှာ အခြေ အနေမလှတဲ့အတွက် KIA တပ်ဖွဲ့ဝင်တွေကို နှစ်သိမ့်ဖြေသာ စရာ အောင်ပွဲတစ်ရပ်အနေနဲ့ ကလေးကို ကြိုးတုတ် ပြီး တုတ်နဲ့ရိုက်တဲ့ သဘောဘဲဖြစ်တယ်လို့ တရုတ် - မြန်မာနယ်စပ်တွင်ရှိတဲ့ စစ်ရေး အကဲခတ်သူတစ်ဦးက ပြောပါတယ်။

 

No comments:

Post a Comment

My Blog List