Thursday, September 13, 2012

အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများ ညီလာခံအဖွဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

Thursday, September 13, 2012

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်ပါဝင်တဲ့ (ICAPP) အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ညီလာခံအဖွဲ့က ဒီကနေ့ နေပြည်တော် လွှတ်တော်အဆောက်အဦးမှာ သွားရောက် တွေ့ဆုံခဲ့ပါ တယ်။

အဲဒီ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေကို အလေးထား ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

"သူတို့လာတဲ့အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ လေ့လာလိုတဲ့ သဘော တွေ့ရတယ်။  ပြုပြင်ပြောင်းလဲမှုတွေ သူတို့တွေ နားလည် ယုံကြည်ပြီးတော့ အားပေးကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံ အကြောင်း ပိုနားလည်သွားမှာပေါ့။ ဒီနေ့ ပြုပြင် ပြောင်းလဲရေးအကြောင်း ပိုပြီးတော့ နားလည် သွားကြလိမ့်မယ်။ လောလောဆယ်တော့ သူတို့ရဲ့ အမြင် သဘောထားဟာ အခြား ကူညီတာထက် ပိုပြီးတော့ ကောင်းမယ်"

ဒီအဖွဲ့ဟာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံဟာ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံရေး ပါတီပေါင်း ၃၀၀ ကျော်နဲ့ ထူထောင် ဖွဲ့စည်းထားတဲ့ အာရှ နိုင်ငံရေး ပါတီများ ညီလာခံ (ICAPP) ရဲ့ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။

RFA

No comments:

Post a Comment

My Blog List