Friday, September 14, 2012
လတ်တလော မြန်မာပြည်ရေးရာတွေကြားထဲ အထင်ကရဖြစ်ရပ်များထဲမှာ ကြေးနီတောင်စီမံကိန်းဒေသက အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ဧရာဝတီသတင်းထောက် ဂျေပိုင်က စီမံကိန်းဒေသကို သွားရောက်ပြီး မြင်ကွင်းတွေကို အခုလို မှတ်တမ်းတင်ထားပါတယ်။
ကြေးနီတောင်စီမံကိန်းရှိတဲ့ လက်ပံတန်းတောင်ကို မုံရွာဘက်က တွေ့မြင်နေရပါတယ်။
လက်ပံတောင်းတောင်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲမှာ တည်ရှိတာပါ။
အဲဒီ လက်ပံတန်းတောင်မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေပါတယ်။
တူးဖော်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ ၀မ်ပိုကုမ္ပဏီက တရုတ်နိုင်ငံကပါ၊ ဦးပိုင်လီမိတက်ကတော့ မြန်မာ့တပ်မတော်ရဲ့မဟာစီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပါတယ်။
စီမံကိန်းနယ်မြေလုပ်ငန်းခွင်မှာ လယ်တီဆရာတော် တရားအားထုတ်ခဲ့တဲ့ ကျောင်းဆောင်ကို တွေ့ရမှာပါ။

အဲဒီဒေသက ကျေးရွာ ၄ ခုဟာ စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းတဲ့အတွက်
ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ ပြီးတော့ လယ်သမား ၁၀၀ ကျော်ရဲ့
စိုက်ပျိုးမြေတွေဟာ စီမံကိန်းခေါင်းစဉ်အောက်မှာ အသိမ်းခံလိုက်ရပါတယ်။
ဒါကတော့ ပြောင်းပေးရတဲ့ ရွာတွေအတွက် နေရာသစ်ဖြစ်ပါတယ်။ သို့သော်လည်း
နေစရာရှိပေမယ့် အလုပ်လက်မဲ့များဖြစ်ကုန်ကြပါပြီ လို့ ဒေသခံတို့က ဆိုပါတယ်။
သမီးအထိန်းသိမ်းခံရလို့
ပူဆွေးသောကရောက်နေတဲ့ မိခင်ပါ။ သမီး မအေးနက်က လယ်မြေအသိမ်းခံရလို့
ကြေးနီစီမံကိန်းရပ်ဆိုင်းပေးဖို့ တောင်းဆိုရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဝက်မှေးကျေးရွာရောက် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မအေးနက်ရဲ့ မိခင်ကိုအားပေးခဲ့ပါတယ်။
ထိန်းသိမ်းခံခဲ့ရတဲ့
လယ်သမား ၁၂ ဦးထဲက ၉ ဦး ပြန်လွတ်လာပါပြီ်။ အာဏာပိုင်တို့ရဲ့
ပြုမူဆောင်ရွက်ပုံကြောင့် အင်မတန် စိတ်ထိခိုက်ရတယ်လို့ ပြန်လွတ်လာသူတို့က
ဆိုပါတယ်။
No comments:
Post a Comment