Saturday, September 15, 2012

နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တလင်းဒေသ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များတို့၏ ငြိမ်းချမ်းရေးခရီးစဉ် အောင်မြင်ပါစေ



လေးစားစရာကောင်းသော ခေါင်းဆောင် နောက်ဆုံး ရရှိတဲ့ သတင်းအရ ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ၊ ကိုပြုံးချို ၊ ကိုမာကီး၊ ကိုသက်ဇော် တို့နဲ့ DVB သတင်းထောက် တစ်ဦးတို့ဟာ မနက်ဖြန်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့် ဒေသ နှစ်ဘက် တိုက်ပွဲကြားထဲကို ဖြတ်ဝင်ကြတော့မှာ ဖြစ်ပါတယ်။ 
အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက် လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး ဒုက္ခသည် တွေလည်း ရှိနေတဲ့အတွက် သူတို့တွေအတွက်၊ စစ်ကို ရပ်တန့်စေရေး အတွက် ဒီလို လုပ်ရတာပါလို့ ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။ လိုအပ်ရင် ကချင်လူထုနဲ့ အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ် ရပ်ပြီး အသေခံ သွားကြမယ်လို့ ပြောပါတယ်။
 
ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆုသွားယူစရာ ရှိတဲ့ခရီးစဉ်ကို တောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။ 

ATR သတင်းစဉ်

No comments:

Post a Comment

My Blog List