Friday, September 14, 2012

ဂျေးဇီးနှင့်ဘီယွန်းစ်တို့ သမ္မတအိုဘားမား၏ မဲဆွယ်လှုပ်ရှားမှုတွင် ပါဝင်ကူညီမည်

Friday, September 14, 2012

လေးသောင်းတန်ပြီး လက်မှတ် နှစ်စောင်ကိုသာ ရောင်းချမည်ဟု ဆိုသည်။ ထိုပွဲမတိုင်မီ ဘီယွန်းစ်က အိုဘားမားကို လိုလားသူများထံ emailပေးပို့ ဖိတ်ကြားထားခဲ့သည်။ ဂျေးဇီးရော၊ ဘီယွန်းစ်ပါ လက်ရှိ အမေရိကန် သမ္မတကို ဒုတိယသက်တမ်း အနိုင်ရရန် မျှော်လင့်နေကြပြီး အနီးကပ် ကူညီပေးသွားရန်ဘီယွန်းစ်နှင့် ဂျေးဇီးတို့ ဇနီးမောင်နှံသည် အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ပြန်လည် ရွေးကောက်ပွဲဝင်မည့် မဲဆွယ် လှုပ်ရှားမှုတွင် ပါဝင် ကူညီသွားမည်ဟု သိရသည်။ ကမ္ဘာကျော် ဂီတစုံတွဲသည် အမေရိကန်၏ သမိုင်းတစ်လျှောက် ပထမဆုံး လူမည်း သမ္မတအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည့် အိုဘားမား၏ ရွေးကောက်ပွဲ ရန်ပုံငွေ တိုးမြှင့်နိုင်ရန် ကူညီသွားမည် ဖြစ်သည်။
 ၎င်းတို့သည် ဂျေးဇီး ပိုင်ဆိုင်သည့် နယူးယော့ခ်မြို့ နိုက်ကလပ် တစ်ခုတွင် ရန်ပုံငွေပွဲတစ်ခု ကျင်းပပြီး အိုဘားမားအတွက်အလှူငွေထည့်ဝင်ရန်ကောက်ခံ သွားမည် ဖြစ်သည်။လက်မှတ် တစ်စောင် လျှင် ဒေါ်လာ
ပြင်ဆင်နေ သည်။ ၎င်းတို့ ရောင်းချမည့် ရန်ပုံငွေ ရရှိရေး လက် မှတ် များ တွင် လေကြောင်းလိုင်း စီးနင်းခွင့်နှင့် ဟိုတယ်များတွင် တည်းခိုခွင့်စသည်တို့ကို ခံစားခွင့် ပေးထားဖွယ် ရှိနေကြောင်း သိရသည်။

ဘီယွန်းစ်တို့ ဇနီးမောင်နှံ အနေဖြင့် အိုဘားမားအား အကူအညီပေးခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ခဲ့သလို သမ္မတ မိသားစုနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ထောင်ထားခဲ့သည်။ သမ္မတကတော် မီချယ်လ် အိုဘားမားသည် ဘီယွန်းစ်၏ လူသားချင်း စာနာမှုဆိုင်ရာ လှုပ်ရှားခြင်းများတွင် ပါဝင်ကူညီပေးခဲ့သလို ဂျေးဇီး၏ ဖီလာဒဲလ်ဖီးယားတွင် ယခုလ အစောပိုင်းက ရိုက်ကူးသော ဗီဒီယိုအတွင်း သမ္မတ အိုဘားမား ပါဝင်ခဲ့ကြောင်း သိရသည်။

 

 

No comments:

Post a Comment

My Blog List