သံဃာ့ မဟာနာယကအဖွဲ့အနေနဲ့ ဒီကျောင်းတိုက်ဟာ တရားဝင် အသိအမှတ်ပြုထားတဲ့
ကျောင်းတိုက် မဟုတ်တာကြောင့် အခုလို လာရောက်ဖြိုဖျက် ပစ်ရတာဖြစ်ကြောင်း
ဒေသခံတွေကို ပြောကြားခဲ့တယ်
သိရှိရပါတယ်။
အခုဖြိုဖျက်ခံနေရတဲ့ ထင်းရူးမြိုင်ကျောင်းတိုက်ကိုပြောင်းရွှေ့ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မြို့နယ် သံဃာ့မဟာနာယကအဖွဲ့ကနေ နို့တစ်စာပေးပို့ထားခဲ့ပြီး၊ ထင်းရူးမြိုင်ကျောင်းတိုက်ဆရာတော်ကလည်း ၀ါတွင်းကာလအတွင်း သံဃာ ၂၂ ပါး ရှိတဲ့ ကျောင်းတိုက်ရွှေ့ပြောင်းဖို့ကိစ္စ
အတွက် ညှာတာထောက် ထားပေးဖို့ ပြည်နယ်သံဃ မဟာနာယက အဖွဲ့နဲ့
သက်ဆိုင်ရာအာဏာပိုင်တွေထံ သြဂုတ် ၃၁ ရက်နေ့စွဲနဲ့ အသနားခံစာ ပေးပို့
ထားတယ်လို့ သိရပါတယ်။
သံလွင်
No comments:
Post a Comment