Thursday, September 13, 2012
လှိုင်သာယာမြို့နယ် ( ၄ )ရပ်ကွက် အလုပ်သမား စံပြနေအိမ်စုမှ မိသားစုဝင်များက FMI ကုမ္ပဏီ မှရွှေ့ပြောင်းခိုင်းမှုအပေါ်ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အလုပ်သမားစံပြနေအိမ်စုမှ FMI City မိန်းဂိတ်ရှေ့သို့ချီတက်ဆန္ဒပြခဲ့ကြပြီး ၄င်းဂိတ်ဝရှေ့တွင် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ခွင့်ပြုမိန့်အတိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ကြွေးကြော်သံများ ပါဝင်ခြင်းမရှိဘဲ ဆိုင်းဘုတ်ငယ် ၇ ခုနှင့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
၎င်းဆန္ဒပြပွဲကို ယနေ့နံနက် ၁၀နာရီမှ ၁၁ နာရီအထိပြုလုပ်ခဲ့ရာ ခွင့်ပြုဦးရေ ၂၀၀ ရှိသော်လည်း ခြိမ်းခြောက်မှုနှင့်တရားစွဲဆိုမှု အချို့ကြောင့် လာရောက်ဆန္ဒပြသူ ၄၀ခန့်သာရှိကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူဦးသောင်းစိန်ကပြောသည်။
အလုပ်သမားစံပြနေအိမ်စုမှ FMI City မိန်းဂိတ်ရှေ့သို့ချီတက်ဆန္ဒပြခဲ
၎င်းဆန္ဒပြပွဲကို ယနေ့နံနက် ၁၀နာရီမှ ၁၁ နာရီအထိပြုလုပ်ခဲ့ရာ ခွင့်ပြုဦးရေ ၂၀၀ ရှိသော်လည်း ခြိမ်းခြောက်မှုနှင့်တရားစွဲဆိုမ
No comments:
Post a Comment