Thursday, September 13, 2012
ကျိုင်းတုံမြို့မီးလင်းရေးအတွက်ကျိုင်းတုံမြို့(ရှမ်းအရှေ့)၏ မိုင်းခွန်ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ၁၉၉၂ခုနှစ်မှစတင်တည်ဆောက်ခဲ့ပါသည်။
မိုင်းခွန်ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ရာတွင် ပြည်သူလူထုဘက်မှထည့်ဝင်ငွေများလည်းပါရှိပါသည်။
ငွေလက်ခံဖြတ်ပိုင်းနှင့်တကွပူးတွဲးတင်ပြပါသည်။
ယခုအ ခါကျိုင်းတုံ EPC
ဝန်ထမ်းအချို့၏ အကျင့်ပျက်ခြ စားမှု့ကြောင့်ကျိုင်းတုံမြို့ပေါ်(၅)ရပ်ကွက်တွင်နေထိုင်ကြသည့်မြို့ နေ လူ ထုမှာမိုင်းခွ န်ရေ အားလျှပ်စစ်မှ ထုတ်ပေးသောလျှပ်စစ်ကိုအပြည့်၊အ၀မခံစားရပါ။
ည(၁၀)နာရီတွင်မီးပေးပြီးနံနက်(၅)နာရီခွဲတွင်မီးဖြတ်တောက်ပါသည်။မြို့နေလူထု၏အိပ်စက်အနား ယူနေသောအချိန်ဖြစ်ပါသည်။သို့သော်အကျင့်ပျက်EPC၀န်ထမ်းအချို့ကငွေယူပြီးအထူးလိုင်းအဖြစ်ချိတ်ပေး
ထားသောဟော်တယ်များ၊အိမ်တွင်းစက်မှု လုပ်ငန်းများနှင့်နေအိမ်အချို့မှာ(၂၄)နာရီပြည့်
မီးရရှိနေပါ သည်။
ထိုအကျင့်ပျက် EPC ၀န်ထမ်းများကအိမ်တစ်လုံးအတွက်လစဉ်ကျပ်ငွေသုံးသောင်းပေးလျှင်အထူးလိုင်း ချိတ်ပေးပါသည်။ငွေကြေးမတတ်နိုင်သူများကဖယောင်းတိုင်မီးကိုအကန့်အသတ်နဲ့သာ သုံးနိုင်ပြီးမီး ငြိမ်းသည့်အခါမှောင်ထဲမှာပဲနေကြရပါသည်။
သိုဖြစ်ပါသောကြောင့်တိုင်း ပြည်ကိုအဘက်ဘက်မှပြန်လည်ပြုပြင်တည်ဆောက်နေသည့်ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးကို အနှောက်အယှက်ဖြစ်စေသည့်အကျင့်ပျက်ခြစားမှုများကိုသက်ဆိုင်ရာ ၀န်ကြီးဌာနမှတိကျသောစုံစမ်းစစ်ဆေးမှု့များပြုလုပ်ပြီးထိရောက်စွာအရေးယူပေးပါရန်အသိပေးအပ်ပါသည်။
ကျိုင်းတုံမြို့သူမြို့သားများ
ကျိုင်းတုံမြို့သူမြို့သားများ
No comments:
Post a Comment